Part 7

16.6K 1.6K 31
                                    

အချိန်တို့က တဖြည်းဖြည်းဆက်၍ သွားနေခဲ့သလို ပတ်ဝန်းကျင်မှာလည်း ထိုအချိန်တို့နှင့်ထပ်တူ အမှောင်ကျလာခဲ့ပြီဖြစ်သည်။ ပိတ်ထားမိသော အခန်းရှေ့၌ သူ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိကာ စိတ်တို့မှာမူ အစိုးမရ‌ချေ။ ပူပန်လွန်းသည့် စိတ်များအား ပြေလျော့စေရန်အလို့ငှာ ဆံပင်တို့ကို လက်ဖြင့် တစ်ချက်သပ်ရင်း အခန်းတံခါးရှေ့မှာပင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

"သခင်လေး"

သူ့အား အခေါ်ရှိသော Mr Lee ကို မော့ကြည့်မိပေမဲ့ စိတ်နှင့်ကိုယ် မကပ်လှစွာ ဖွင့်ဟမိပြန်သည်။

"Mr Lee ကျွန်တော်မှားသွားပြီထင်တယ်။ ဒီအချိန်ဆို သူဗိုက်ဆာနေတော့မှာ။ ဒီတစ်ခါ သူငိုနေတာက အရင်တုန်းကလို မဟုတ်ဘူး။ ကျွန်တော်သိနေပေမဲ့ သူ့မျက်ရည်တွေကို ကျွန်တော် ဥပေက္ခာပြုခဲ့မိတာ။ ကျွန်တော်‌လေ ကျွန်တော်"

Jungkook ၏မျက်နှာအမူအရာက နောင်တရနေသူတစ်ယောက်လို ညှိုးငယ်နေခဲ့ကာ မျက်ဝန်းအရောင်တို့က Taehyung ကို နှိပ်စက်ပြီးသည့်အချိန်တိုင်း ပြောင်းလဲသွားတတ်သော မှိုင်းညို့ညို့မျက်ဝန်းများဖြင့်။ Mr Lee သည် Jungkook ရှေ့သို့ ထိုင်ချလိုက်ကာ Jungkook ၏ တုန်ယင်နေသော လက်များကို ဆုပ်ကိုင်လိုက်၍ နှစ်ဦးနှစ်ဖက် ပြေလည်စေရန် ရည်ရွယ်သည့် စကားများကိုသာ ဦးတည်ပြောဆိုမိလေသည်။

"သခင်လေးလဲ ဘာမှ မစားရသေးဘူးလေ။ Taehyung ကို အပြစ်ပေးချင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့တော့ သခင်လေး။ ဖြစ်ခဲ့သမျှ အရာရာတိုင်းက နောက်မကျသေးပါဘူး။ ပြန်ပြင်လို့ရပါသေးတယ်"

ပိတ်ထားဆဲဖြစ်သည့် အခန်းတံခါးကို အတော်ကြာသည်အထိ သူငေးမောကြည့်မိရင်း တင်းထားသော စိတ်များကို လျှော့ချလိုက်မိသည်။

ပင့်သက်ရှိုက်၊သက်ပြင်းချသံနှင့်အတူ အခန်းတံခါးကို ဖွင့်လိုက်ပေမဲ့ ချက်ချင်းမဝင်ဖြစ်။ အခန်းရှေ့မှာ ရပ်ကာ တုံ့ဆိုင်းနေမိသည်က Taehyung သူ့ကို ကြည့်လာမည့်အကြည့်တို့အား ရင်မဆိုင်ရဲ၍ ဖြစ်လိမ့်မည်။

သို့သော်။ မျက်စိရှေ့၌ ဖျတ်ခနဲ မြင်လိုက်ရသော မြင်ကွင်းကတော့ သူ့ကို တုန်လှုပ်သွားစေခဲ့ပါ၏။

Middle【Completed】Dove le storie prendono vita. Scoprilo ora