၅နှစ်ကျော်ကျော် ခြေမချဖြစ်ခဲ့သော ပတ်ဝန်းကျင်တစ်ခုက ရင်းနှီးကျွမ်းဝင်နေသည့်တိုင် သူ၏ ခံစားချက်တို့မှာတော့ တစ်စုံတစ်ရာနှင့် ဖိနှိပ်ခံထားရသည့်အလား သိပ်တော့ နေလို့မကောင်းပါချေ။ ဆိုးဆိုးရွားရွားမဟုတ်သည့်တိုင် သူကိုယ်တိုင်ပင် ခန့်မှန်းလို့ မရသည့် အခြေအနေတစ်ခုက သူ့အပေါ် သက်ရောက်မှု ရှိနေလျက်။
အနှီစိတ်ခံစားချက်များနှင့်အတူ ရှုပ်ယှက်ခတ်နေသည့် အခြေအနေများက သူ့အတွက်တော့ တကယ်ပင် ဝန်လေးစရာ ဖြစ်လို့နေခဲ့သည်။
"သခင်လေး။ ကျွန်တော် နောက်ကျသွားတယ်။ ရှေ့နေနဲ့ လွှဲပြောင်းပေးမဲ့ စာချုပ်ကိစ္စအားလုံး စီစဉ်ပြီးသွားပါပြီ"
"အဆင်ပြေသွားပြီလား Mr Lee"
"အဆင်ပြေပါတယ်။ ဟိုဘက်က စီအီးအိုနဲ့ကော တွေ့တယ်မဟုတ်လား သခင်လေး"
"အင်း။ ကျွန်တော် နားချင်ပြီ"
"ကောင်းကောင်းအနားယူပါ သခင်လေး"
နေရာသစ် ၊ ပတ်ဝန်းကျင်အသစ်၌ ဦးဆောင်ရမည့် လုပ်ငန်းသစ်များက သူ့အားအဆင်သင့် မျှော်လင့်ကြိုဆိုနေကြပေမဲ့ ဤသည်ကို ဖိအားတစ်ခုလို့ သူက သတ်မှတ်မထား။ ဒါဟာ သူလုပ်ဆောင်ရတော့မည့် ပုံစံခွက်တစ်ခုအဖြစ် တရားသေ မှတ်ယူထားပြီးသားဖြစ်၍။
ပြန်ရောက်ကတည်းက ထိုးကိုက်နေခဲ့သော ခေါင်းကြောင့် သူအိပ်မှဖြစ်တော့မည်။ မအိပ်ရလျှင် နောက်နေ့တစ်နေကုန် စိတ်ကြည်မှာ မဟုတ်တော့ပေ။ သို့သော် သူကောင်းကောင်း အိပ်ပျော်မည်ဟုလည်းမထင်။ အိပ်စက်ခြင်းများကြား မက်နေကျ အိပ်မက်တစ်ခုကိုပဲ ထပ်ခါထပ်ခါမက်တတ်ကာ လန့်နိုးလာတတ်သောသူသည် ထိုအိပ်မက်ကို စိတ်ရှုပ်စရာကောင်းလွန်း၍ ထပ်မမက်ချင်ခဲ့ပေမဲ့ မသိစိတ်ကတော့ သူအိပ်ပျော်သွားတိုင်း ထိုအိပ်မက်ကိုသာ ဆက်မက်ပါစေဟု ဆုတောင်းမိရပြန်သည်။
ခိုင်လုံသည့်အကြောင်းပြချက်ကို ပေးရမည်ဆိုလျှင် ထိုအိပ်မက်က သူ့အတွက် နာကျင်ရမှန်းသိပေမဲ့ လက်မလွှတ်ချင်လောက်သည်အထိ လှပသော အိပ်မက်တစ်ခုဖြစ်နေခဲ့၍။
![](https://img.wattpad.com/cover/163291276-288-k451495.jpg)
KAMU SEDANG MEMBACA
Middle【Completed】
Fiksi PenggemarJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©