Part 6

16.3K 1.6K 74
                                    

မျက်လုံးများ ဖွင့်လိုက်မိသည်နှင့် ရင်ဘတ်ပေါ် လာတင်နေသည့် လက်တစ်ဖက်အား ဆွဲဖယ်ပစ်ကာ သူ အိပ်ရာထက်မှ ထလိုက်သည်။ သို့သော် အနောက်ဘက်မှ ဗလာကျင်း ခန္ဓာကိုယ်တစ်ခုမှာတော့ သူ၏ လျစ်လျူရှုမှုအား သည်းမခံနိုင်ပုံရသည့်ထင်။ မရမက တွယ်ကပ်လျက် သိုင်းဖက်လာသော လက်များနှင့်အတူ နားမခံနိုင်စရာ ညုတုတုအသံက ပေါ်ထွက်လာသည်။

စိတ်ဖြေချင်ခဲ့မိသော သူသည် ဤကဲ့သို့ အပန်းဖြေနည်းကို ရွေးချယ်ခဲ့မိသည်က ပထမဆုံးအကြိမ်မြောက် ဖြစ်လေသည်။

"ယူ အရမ်းမိုက်တာပဲ။ ယူ့ကို ဒီကလပ်မှာ တစ်ခါမှ မမြင်ဖူးသေးဘူး။ နောက်ပြီး တို့ထက်လဲ ငယ်မဲ့ပုံပဲ"

ကျောပြင်ထက် ပြေးလွှားဆော့ကစားနေခဲ့သော အနီရင့်ရင့် လက်သည်းရှည်များက အသွေးအသားတို့အား ဆူလာစေရန် ထပ်မံဆွပေးနေခဲ့ပေမဲ့ သူကတော့ ရွံရှာစိတ်တို့ဖြစ်လာမိရကာ ချက်ချင်း တွန်းဖယ်ပစ်မိလျက်။

"ငါဘယ်သူလဲဆိုတာ မင်းမသိဘူးဆိုပါတော့"

"အင်း"

"မသိရင် တစ်ခါတည်း ပြောလိုက်မယ်။ ငါ့နာမည် Jeon Jungkook..။ ဒီကလပ်ပိုင်ရှင်"

ထိုမိန်းမ၏ အံ့သြသွားသော ပုံစံက မသတီစရာ ကောင်းလှ၏။ တစ်ဆက်တည်းမှာပင် အံ့သြသွားသည့်အခါတိုင်း မျက်လုံးလေးများပြူး၍ ပါးစပ်အဟောင်းသားနှင့် သူ့ကို‌ပြန်ကြည့်တတ်သော မျက်နှာလေးတစ်ခုအား သတိရသွားမိတော့ စိတ်ပျက်စွာ ခေါင်းယမ်းမိရသည်။

သူ(မ)၏ အဝတ်မပါသော ခန္ဓာကိုယ်ကို အကြည့်လွှဲလိုက်ရင်း ခေါင်းတို့ ရှုပ်လာမိသည်ကြောင့်။

"ကျစ်...မင်း ငါ့ရှေ့ကနေ မြန်မြန် ထွက်သွားပေးလို့ရမလား"

"နောက်တစ်ခါလာရင် ကျွန်မကို ဆက်သွယ်လိုက်နော်။ ယူ့ကို အကောင်းဆုံးပြုစုပေးမယ်"

သူ(မ) ထွက်သွားတော့မှ မကြည်လင်သော စိတ်က ပိုရှုပ်ထွေးသွားလျက် အိပ်ရာထက်သို့ ခြေပစ်လက်ပစ် ထိုင်ချမိသည်။ ဘေး၌ အသင့်ရှိသော ဝိုင်ပုလင်းလိုက်ကို ကောက်မော့ပစ်တော့ ပူစင်းသွားသော အရသာက ခါးသက်သက်နှင့်။ ဝိုင်ကြောင့်တော့ မဟုတ်တန်ရာ။ မျက်လုံးများ မှိတ်ချပစ်တော့ အာရုံထဲက ဘယ်လိုမှ ဖျောက်ဖျက်လို့ မရခဲ့သော တစ်စုံတစ်ယောက်၏ မျက်နှာကအသင့်နေရာယူပြီးသား။

Middle【Completed】Donde viven las historias. Descúbrelo ahora