မင်းသာလျှင် ep(17)

400 32 0
                                    

Unicode

အဟန် အရှင်းကိုဆေးသေချာတိုက်ပြီး
တွဲပေးကာ ဟော်တည်ရှေ့ရောက်တော့
ဝန ကထွက်တွေ့တယ်
အောင်လေးလဲဝန နဲ့ လက်သီးချင်းတိုက်ပြီး
နှုတ်ဆက်လိုက်တယ် ဒါကိုအဟန်တွေ့တော့
မျက်မှောင်ကျုံ့ပြီး ကြည့်နေလိုက်တယ်
အရှင်းကဝနကိုသူ့ရဲ့ကားသော့ လှမ်းပစ်ပေးလိုက်တော့ ပိုပြီးအံ့သြသွားတယ်

>>>ဘာတွေလဲ ဝနက အရှင်းရော အောင်လေးရောနဲ့ဘယ်လိုသိနေရတာလဲ
ဘယ်လိုဆက်ဆံရေးမျိုးလဲ
ငါဘာမှမသိရတာလဲ <<<

"သွားပြီဟျောင့်''
အရှင်းတို့စကားသံကြားမှ အဟန်အတွေးစတွေကိုလက်စသတ်ပြီး အရှင်းကားပေါ်တတ်ပြီးတာနဲ့ အဟန့်အိမ်ကိုခေါ်သွားတော့တယ်.....

အိမ်ပြန်ရောက်တော့အရှင်းကိုကြည့်လိုက်တော့
အိပ်ပျော်နေပြီလေ အဟန်အရှင်းကိုခါးပတ်ဖြုတ်ပေးပြီး
အရှင်းကိုမျက်နှာနားရောက်တော့ အရှင်းရဲ့ဝင်လေထွက်လေးကိုခံစားနေမိတယ်
အဟန်အရှင်းရဲ့မျက်နှာကိုကြည့်နေရင်း
သူ့ရင်ထဲကပြောချင်တဲ့စကားတွေကို
ပြောနေမိတယ်

"အရှင်းရယ် ဒီလိုမျိုးမင်းနားမှာ
ဘဝတစ်လျှောက်လုံးနေခွင့်ရရင်
ကောင်းမှာဘဲကွာ''

အဟန်ပြောရင်းမျက်ရည်ဝဲလာတယ်
အဟန်အရှင်းရဲ့နှဖူးပေါ်ကဆံပင်လေးတွေကို
သပ်တင်ပေးရင်းနဲ့
ကားတံခါးခေါက်သံကြားတော့
အဟန်မျက်ရည်အမြန်သုတ်ပြီး
ဆင်းကာ

"ဘာလဲ အရှင်းအိပ်နေတယ် နှိုးလိုက်ဦးမယ်''

"နေဦး နောက်မှနှိုး အခုငါပြောမှာအရင်နားထောင်
ငါ့အမေလှမ်းခေါ်လို့ ငါပြန်လိုက်ဦးမယ်
ပြီးတော့ငါ့အမေကမှာလိုက်တယ်
ဒီည dinner ရှိတယ် မင်းတို့ပါခေါ်လာခဲ့တဲ့
မတွေ့ရတာကြာပြီတွေ့ချင်လို့တဲ့ ပြီးတော့ဒီည dinner မှာ အလန်းဇယားလေးတွေလာမှာဟ ဟဲဟဲ ရှင်းရှင်းပြောရရင် လာပြီးပွဲထုပ်ကြတာပေါ့ကွာ ပြောရင်းနဲ့တောင်ရင်တွေခုန်နေပြီ''

အောင်လေးလက်နှစ်ဖက်ပွတ်ပြီး
ရင်ခုန်သလိုလုပ်ပြီးပြောနေတာကို
အဟန်ကြည့်ပြီးစိတ်ပျက်သလိုခေါင်းခါလိုက်ပြီး

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now