မင်းသာလျှင် ep(23)

364 26 0
                                    

Unicode

အဟန်အိမ်ပြန်ရောက်တော့
အရှင်းဆိုဖာပေါ်မှာအိပ်ပျော်နေသည်
အဟန် လေးလံနေတဲ့ခြေလှမ်းတေနဲ့
အရှင်းအိပ်နေတဲ့ဆိုဖာဘေးကို
လျှောက်လာပြီး အရှင်းဘေးမှာ
ထိုင်ချလိုက်ကာ အရှင်းကိုကြည့်နေမိသည်
အဟန် သူ့ရဲ့လက်နဲ့အရှင်းရဲ့ဆံပင်လေးတွေကို
သပ်တင်ပေးလိုက်တော့
အရှင်းရဲ့နိုးလာပြီး
မျက်လုံးလေးပွတ်ရင်း

"ပြန်ရောက်လာပြီလား''

အရှင်းမေးတော့အဟန်ပြုံးပြီး
ခေါင်းလေးငြိမ့်ပြသည်

"ဘာစားပြီးပြီလဲ ငါခေါက်ဆွဲပြုတ်ပေးမယ်လေ''

ပြောလဲပြော ထမလို့ပြင်နေတဲ့အရှင်းကို
အဟန်လှမ်းဆွဲပီးဖတ်ထားလိုက်သည်
အရှင်းလဲရုတ်တရက်ဆိုတော့
ကြောင်သွားပေမယ့် နောက်တော့
အဟန့်ကျောလေးကိုပုတ်ပေးရင်း
နှစ်သိမ့်ပေးနေလိုက်သည်

>>>အဟန် မင်းအဲလိုဖြစ်နေတာ
ငါမကြိုက်ဘူး မင်းကိုခံစားရအောင် လုပ်တဲ့သူတွေကို ငါသတ်ပစ်ချင်လောက်အောင်မုန်းတယ် မင်းပျော်ရွှင်အောင် ငါဘယ်လိုလုပ်ပေးရမလဲ
အဟန်ရယ်<<<

ပိုးဆက်ရသွန်

"ဟန်လေးရယ် တို့ကိုမေ့သွားပြီတဲ့လား
ဟန်လေးကိုတွေ့ချင်လွန်းလို့
မြန်မာပြည်ကို တို့
မရောက်ရောက်အောင်ပြန်လာခဲ့ရတာပါ''

ပိုးဆက်မျက်ဝန်းထဲက
မျက်ရည်တွေစီးကျလာကာ
အဝေးတစ်နေရာစီငေးကြည့်ရင်း
အတိတ်ဆီသို့.................

...............Flash Back..............

"သမီး မေမေတို့ကနေဒါကိုလိုက်သွားရမယ်
ဟိုမှာသမီးအဘွားနေမကောင်းလို့
ဆေးရုံတင်ထားရတယ်တဲ့
သမီးအဘွားရဲ့အတွင်းရေးမှူးဆက်တာ''

"ဘွားဘွားအခြေနေစိုးရိမ်ရလားမေမေ''

"အဲဒါတော့ မေမေလဲမသိဘူး
သမီးဖေဖေ လက်မှတ်သွားဖြတ်တယ်
မေမေတို့ညနေလေယာဉ်နဲ့လိုက်သွားရမယ်
သမီးအဝတ်စားတွေမေမေထည့်ပေးထားတယ်
သမီးယူချင်တာရှိရင်လဲထည့်ထား''

"ဘယ်အချိန်ထွက်မှာလဲ မေမေ''

"၅နာရီ ထွက်မှာလေယာဉ်က
မေမေတို့ ၄နာရီခွဲလောက်အိမ်က
ထွက်ကြတာပေါ့''

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now