မင်းသာလျှင် ep (29)

355 28 1
                                    

Unicode

ဇွဲမာန်အောင်

ကျွန်တော်နဲ့ Smile ဟိုနေ့က
ကားပေါ်မှာဖြစ်သွားပြီးကတည်းက
(ဖြစ်သွားတယ်ဆိုတာ
နမ်းလိုက်တာကိုပြောတာနော် 😁😁)
အခုထိမဆုံဖြစ်ကြပါ
မဆုံဖြစ်ဆိုသလို
သူနဲ့သူ့အမေကိုပုဂံကိုဘုရားဖူး
မေမေကလိုက်ပို့တယ်လေ
ကျွန်တော်ကတော့ကျောင်းရှိလို့ဆိုတဲ့
အကြောင်းပြချက်နဲ့နေခဲ့လိုက်သည်
Smile နဲ့လဲမျက်နှာချင်းမဆိုင်ရဲတာလဲ
ပါတာပေါ့ ကျွန်တော်ရည်းစားတွေ
အများကြီးထားခဲ့ဖူးပါတယ်
ကျွန်တော်ချစ်တဲ့သူမတွေ့သေးပေမယ့်
ကောင်လေးတွေကိုတော့
စိတ်မဝင်စားခဲ့ဖူးတာအမှန်ပင်
ဒါပေမယ့်ဘာကြောင့်Smileကိုတော့
နမ်းလိုက်မိမှန်းကိုယ့်ကိုကိုယ်တောင်
စဉ်းစားလို့မရဘူး
ကျွန်တော်သူ့ကိုချစ်နေတာလား?
အဲဒီမေးခွန်းကိုတော့
ကျွန်တော်ငြင်းဆန်ရပါ့မယ်
ဘာလို့လဲလို့မေးလာရင်
အဖြေကရှင်းရှင်းလေးဘဲ
သူကယောက်ျားလေးဖြစ်နေလို့
မဟုတ်သေးဘူး
ယောက်ျားလေးဖြစ်နေလို့ဆိုတာ
ကျွန်တော်မှားတယ်
အမှန်ကဆုံတာမကြာသေးတဲ့
သူတစ်ယောက်ကို ချစ်ဖို့
ကျွန်တော့်ရဲ့နှလုံးသားကရော
ဦးနှောက်ကပါလက်မခံသေးတာပါ
အခုတော့အိမ်မှာ
ကျွန်တော်တစ်ယောက်တည်း
အငယ်မကမေမေတို့နဲ့
လိုက်သွားတယ်လေ
အရှင်းကိုလှမ်းphဆက်တော့လဲ
ဆက်ပိတ်ထားတယ်တဲ့
အဟန့်ဆီဆက်တော့လဲ
လိုင်းမအားသေးပါတဲ့လေ
သူတို့ဆီသွားဖို့ဆိုတာကျတော့လဲ
ပျင်းတာနဲ့ အိမ်မှာနေပြီး
Gameဆော့တော့မယ်

🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮

ဟန်းမင်းကိုကို

အရှင်းဆီဘယ်လိုမှဆက်သွယ်လို့မရ
အိမ်ကိုသွားတော့လဲ
အိမ်မှာရှိမနေဘူးမနေ့ညကတည်းက
အိမ်ပြန်မအိပ်တာတဲ့လေ
တည်းခိုခန်းတွေလဲစုံစမ်းပြီးပြီ
အရှင်းရှိမနေဘူး
သွားတတ်တဲ့နေရာတွေလဲစုံပြီ
ကျွန်တော်မသိသေးတာ
တစ်ခုရှိတယ်
အရှင်းကအမြဲတမ်းစိတ်ညစ်ရင်
၂ရက်၃ရက်လောက်
ပျောက်ပျောက်သွားတယ်
လိုက်ရှာလဲမတွေ့ခဲ့ဘူး
အရှင်းပြန်အလာကိုဘဲစောင့်ခဲ့ရတယ်လေ
ဘယ်သွားလဲမေးရင်လဲ
မဖြေတာကြောင့်မမေးခဲ့ဘူး
အခုတော့မရတော့ဘူး
ကျွန်တော်နဲ့ပတ်သတ်နေပြီလေ
ကျွန်တော်မစောင့်နိုင်ဘူး
ဘယ်မှလဲရှာလို့မတွေ့ဘူး
ဘယ်လိုလုပ်ရမလဲ
စဉ်းစားစမ်းစဉ်းစားစမ်း

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now