မင်းသာလျှင် ep(40)

361 30 0
                                    

Unicode

Hi April ပြန်လာပါပြီနော် 🤗🤗🤗
အရမ်းကြာသွားရင်😁😁😁
Sorryပါနော် 🙏🙏🙏🙏🙏
Love you all 😘😘😘😘
👇

👇

👇

👇

အရှင်းphပြောပြီးပြီးချင်း
သက်ပြင်းချလိုက်သည်

ဟူး ဟန်ရယ် မင်းကတော့
ငါဘာလုပ်လုပ် အမြဲစိုးရိမ်နေတော့တာဘဲကွာ
သျှားဝင့်ရှင်း ပါကွ
ငါမပိုင်ဘဲခြင်မရိုက်ပါဘူး

အရှင်းရဲ့မျက်နှာမှာ
ညစ်ကျယ်ကျယ်အပြုံးပန်ဆင်လိုက်သည်

(အရှင်းကရောဘာစတိုင်လဲ)......
ထိုစဉ် ကားတံခါးခေါက်သံကြားလိုက်ရသည်
ကြည့်လိုက်တော့
အဟန့်အဖေရဲ့လူရုံ ဦးစော

ဟူး အဟန်ရာမင်းကိုတော့ငါမနိုင်ဘူး
မင်းငါမသိဘဲဘာတွေလုပ်ထားသေးလဲ

အရှင်းစိတ်ထဲမှာသာရေရွတ်လိုက်ပြီး
ကားတံခါးဖွင့်ပေးလိုက်သည်
ဦးစော အရှင်းတံခါးဖွင့်ပေးလိုက်တာနဲ့
ဦးစောကားထဲကိုဝင်ထိုင်လိုက်ပြီး
ဦးညွှတ်လိုက်သည်

"ဝနဝင်သွားတာကြာပြီလား''

"ခုနလေးတင်ပါ''

"သူတို့တွေမှာလက်နက်တွေပါတယ်
ရမ်းလုပ်လို့မရဘူး
ကျွန်တော်အရင်ဝင်သွားလိုက်မယ်
ခင်များပြီးမှအဟန်တို့နဲ့နောက်ကလိုက်ခဲ့''

"မဖြစ်ပါဘူး သခင်လေး
ကျွန်တော်တို့စုံစမ်းရသလောက်
မှောင်ခိုလုပ်တဲ့အဖွဲ့တွေပါ''

"ကျွန်တော်သိတယ်
အဟန်တို့ကိုသာစောင့်နေရင်
ကျွန်တော့်သူငယ်ချင်းသေနေလောက်ပြီ
ကျွန်တော်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်''

"ဒါပေမယ့်... ''

"ကဲဦးစော ပြီးတော့
ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး
ကျွန်တော့်မှာအစီစဉ်တွေရှိတယ်
အဟန်တို့လာရင်ကျွန်တော့ကို
စောင့်နေပေးပါ လိုက်မလာပါနဲ့လို့
ပြောပေးပါ ဦးစောအဟန့်ကို
အန္တရာယ်မဖြစ်စေချင်ရင်
ရအောင်တားပေးပါ
ကျွန်တော်အနူးအညွတ်တောင်းဆိုပါတယ်''

အရှင်းစိုးရိမ်စိတ်အပြည့်နဲ့
ဦးစောကိုတောင်းဆိုနေမိသည်
သူ့ကိုယ်သူထက်အဟန်ကိုစိတ်ပူနေသည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now