မင်းသာလျှင် ep(22)

346 23 0
                                    

Unicode

"ဟန်လေး ဟန်လေးမဟုတ်လားဟင်
ဟုတ်ပါတယ် ဟန်လေးပါ
မမက ပိုးဆက်ရသွန် လေ
အာ sry ပိုးပိုးလေး လေ
ဟန်လေးမှတ်မိတယ်မလား''

အဟန်စဉ်းစားနေတယ်
စဉ်းစားနေရင်းနဲ့မှ ပိုးပိုးလေး

"ဟာ ပိုးပိုးလေး
ပိုးပိုးလေး ဘယ်လိုဖြစ်ပြီး''

>>>ကျွန်တော်အံ့သြနေပါသည်
ဘာကြောင့်လဲဆိုတော့ ကျွန်တော့ရှေ့ကအမျိုးသမီးဟာ
ငယ်ငယ်တုန်းက အမတစ်ယောက်လို ကျွန်တော်အရမ်းကိုတွယ်တာခဲ့ရတဲ့
မိန်းကလေးဖြစ်နေလို့ပါဘဲ
ဒါပေမယ့် အတိတ်ကအကြောင်းတွေကို
မြင်ယောင်လာရင်း ရင်ထဲကလှိုက်တတ်လာတဲ့ခံစားချက်ကြောင့်''

"ဟုတ်တယ် တို့ ကနေဒါကနေမနေ့ကမှပြန်ရောက်တာ
အန်ကယ်နဲ့အယ်တီရောနေကောင်းလား''

"ဟုတ် ကောင်းပါတယ်''

"ဟန်လေးက တို့ကိုတောင်စိမ်းသွားပြီပဲ''

"အော် စိမ်းယုံဘယ်ကမလဲ မေ့တောင်မေ့နေပြီ
ပိုးပိုးလေးဆိုတာ ကျွန်တော့ဘဝရဲ့
ဟိုးအဝေးကြီးမှာကျန်ခဲ့ပြီ''

"ဟန်လေး တို့ရှင်းပြ''

"ရတယ် ဘာမှရှင်းပြနေစရာမလိုတော့ပါဘူး
လိုလဲမလိုအပ်တော့ဘူး
ကျွန်တော့ကိုခွင့်ပြုပါဦး''

အဟန်ထွက်သွားမယ်လုပ်တုန်း

"ဟန်လေး မင်းတစ်နေ့တော့
မင်းနားလည်လာမှာပါ
မဟုတ်ဘူး မင်းလက်ခံလာအောင်တို့ကြိုးစားမယ်''

ပိုးဆက်ရသွန် အဟန့်ရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်ရင်း
ပြောလိုက်ပြီး လွှတ်ပေးလိုက်သည်
အဟန်လဲကားရှိရာသို့ပြေးသွားပြီး
ကားကိုအရှိန်နဲ့မောင်းပြီးထွက်သွားလေသည်

"ဟျောင့် အဟန်''

အရှင်းအဟန့်နောက်ပြေးလိုက်မလို့လုပ်တုန်း
အောင်းလေးနောက်ကလှမ်းဆွဲလိုက်သည်

"သွားပါစေ ဒီလိုချိန်သူ့ကိုတစ်ယောက်တည်း
လွှတ်ထားပေးလိုက်တာပိုကောင်းတယ်''

"အေးပါ''

အရှင်းစိတ်ထဲမှာတစ်ခုခုကိုဆုံးရှုံးရမှာ
ကြောက်နေသလိုလို
ကိုယ်ပိုင်ဆိုင်တဲ့အရာသူများလုယူသွားသလိုလို
ရင်ထဲမှာလစ်ဟာသွားသလိုလို
ဘာမှန်းမသိတဲ့ခံစားချက်တွေ အလုံးလိုက်အရင်းနဲ့ဝင်ရောက်လာသည်
ဒါကြောင့်အိမ်ကိုပြန်ပြီး အဟန်ပြန်အလာကိုစောင့်နေဖို့
ဆုံးဖြတ်လိုက်သည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now