မင်းသာလျှင် ep (6)

464 35 0
                                    

Unicode

ခက်လိုက်တာအရှင်းရာမင်းနဲ့ဘယ်လို ရေအတူတူချိုးနိုင်မှာလဲ မင်းနဲ့အခုလိုတွေ့နေရတာကိုရင်ခုန်နေတာ မင်းနဲ့ရေအတူတူချိုးနိုင်ဖို့ငါ့သမာဓိအား အဲလောက်ကောင်းမယ်မထင်ဘူး..ဟူး......

"ဟာတော်ပါပြီ မင်းဘာသူချိုးပါကွာ ငါစိတ်ရှုတ်နေလို့ "

ထိုအခါမှ အရှင်းရဲ့မျက်နှာငြိုးသွားပြီး

အရှင်း... ''sorryပါကွာ ငါမေ့သွားတယ်"

အဟန်... မဟုတ်ပါဘူးကွာ မင်းအမှားမဟုတ်ပါဘူး
ငါမေနှင်းနဲ့ကိစ္စကိုသိပ်မခံစားရပါဘူးဟာ ဒါပေမယ့် ငါ့ရဲ့ရည်းစားဦးက ငါ့အပေါ်သစ္စာဖောက်လိုက်တာကိုခံပြင်းနေတာပါ

အရှင်း... အဟန်ငါမေးမယ်နော် မင်းအမှန်တိုင်းဖြေပေး

"အင်းမေးလေ''

"မင်း မေနှင်းကိုတကယ်ချစ်ခဲ့လား''

အဟန်လဲပြန်စဉ်းစားရင်းနဲ့.....

ငါမှတ်မိပြီအရှင်း မင်းမေနှင်းနဲ့ငါ့ကိုအောင်သွယ် ပေးတုန်းက ငါတစ်ခုခုကိုခံပြင်းခဲ့တယ် ငါဘာကိုခံပြင်းခဲ့လဲမသိဘူး အဲဒါကြောင့်မို့ ငါမေနှင်းနဲ့တွဲခဲ့တယ် ....

အရှင်း.... ဟျောင့်အဟန် ဟာငါခေါ်နေတာ ကြာလှပြီ မင်းဘာတွေစဉ်းစားနေတာလဲ

...အရှင်းခေါ်နေတာကြာလှပါပြီ ဒါပေမယ့်အဟန်ကအတွေးတွေထဲနစ်မျောနေလို့ မကြားလိုက်တာပါ......

"ဟင် အယ် အင်း ငါအတွေးလွန်သွားလို့ပါကွာ မင်းဘာမေးလိုက်တာလဲ''

"တော် မမေးတော့ဘူး''
.... အဟန်သိလိုက်ပြီလေရှင်းစိတ်ဆိုးသွားပြီဆိုတာ...

"အရှင်း ငါမေနှင်းကိုတကယ်မချစ်ခဲ့ဘူးဆိုရင် မင်းယုံမှာလား''

...အဟန်မေးတော့အရှင်းကမထီမဲ့မြင်ပြုကာ....

"သိဘူးလေ ယုံသင့်မယုံသင့်စောင့်ကြည့်ရမှာပေါ့''

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now