မင်းသာလျှင် ep(34)

365 26 2
                                    

Unicode

အဟန်အရှင်းကိုပွေ့ဖတ်ထားရာမှ
ပြန်ခွာလိုက်ပြီး

"ရှင်း ကို့ကိုရှင်းပြဦးလေ''

"ငါမင်းကိုရှင်းပြတာထက်
မင်းငါ့ကိုအရင်ရှင်းပြသင့်တယ် အဟန်
မင်းနဲ့ဟိုအမျိုးသမီးက
ဘယ်လိုပတ်သတ်နေတာလဲ''

"ဟာ သူမက ကို့ရဲ့အစ်မလိုချစ်ရတဲ့သူပါ
တခြားဘာစိတ်မှမရှိပါဘူး''

"သူမနဲ့အကြောင်း ဘာလို့ငါကမသိရတာလဲ''

"ကဲ ကိုရှင်းပြမယ် ဒီလို.......''

အဟန်အရှင်းကိုဖြစ်ပြီးသမျှ
အကြောင်းစုံတွေအကုန်ရှင်းပြလိုက်သည်
အရှင်းလဲငြိမ်သက်စွာနားထောင်ရင်း

"အဟန် မင်းသူမကို
မချစ်ခဲ့ဘူးလား''

"အဲဒီတုန်းက ပိုးပိုးလေးကိုချစ်ခဲ့လား
ဆိုတာ ကိုမသိဘူး
သိလဲမသိချင်တော့ဘူး
ပိုးပိုးလေးကို ကိုကသာစိတ်နာပြီး
မေ့ပျောက်အောင်နေခဲ့တာ
ပိုးပိုးလေးက ကို့ကိုတစ်ခါမှမမေ့ခဲ့ဘူး
အခုသူမ မြန်မာပြည်ပြန်လာတာက
သူမနဲ့ကို ထားခဲ့တဲ့ ဂတိစကားကြောင့်''

အဟန်ပြောရင်းပြုံးနေမိသည်
အဲဒီအပြုံးက
ဖြူစင်သည်ရိုးသားသည်
ဘာအနှောင်အဖွဲ့မှမပါတာကို
အရှင်းမြင်တာနဲ့ကိုသိပါသည်

"အဲဒါဘာ ဂတိလဲဟင်''

အရှင်းမေးတော့အဟန်ပြုံးလိုက်ပြီး

"ဘယ်သူအိမ်ထောင်ပြုပြု
တစ်ယောက်သဘောတူမှ
အိမ်ထောင်ပြုရမယ်လို့လေ''

"အ့ဆိုပိုးပိုးလေးက
အိမ်ထောင်ပြုတော့မှပေါ့''

"အင်း ဟုတ်တယ်
ဒါပေမယ့်သူမအိမ်ထောင်ပြုမဲ့သူက
ယောက်ျားလေးမဟုတ်ဘူး''

အဲဒီအခါ အရှင်းကြောင်သွားသည်
စဉ်းစားနေရင်းနဲ့

"နေပါဦးအဟန်ရ သူမအိမ်ထောင်ဘက်က''

"ဟုတ်တယ် သူမက
ကိုတို့လိုဘဲ ကောင်မလေးတစ်ယောက်ကို
ချစ်မိသွားတာ
ပြီးတော့ ကိုနဲ့ရှင်းရဲ့အကြောင်းကိုလဲ
ပိုးပိုးလေးသိတယ်''

"ဟမ် အဲ အဲတော့''

အရှင်းစကားတွေတောင်ထစ်လို့
အဟန်အူယားစွာ
အရှင်းခေါင်းလေးကိုဖွလိုက်ပြီး

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now