မင်းသာလျှင် ep(26)

333 26 1
                                    

Unicode

"ဟန်လေး ပိုးပိုးလေးကို
ရှင်းပြဖို့အခွင့်ရေးလေးပေးပါ
ပိုးပိုးလေးရှင်းပြတာ နားထောင်ပြီးရင်
ဟန်လေး ကြိုက်သလိုဆုံးဖြတ်ပါ
ဟန်လေးရယ် ပိုးပိုးလေးတောင်းပန်ပါတယ်''

"ကောင်းပြီလေ ခင်များရှင်းပြတာ
ကျွန်တော်နားထောင်ပေးမယ်
လာရမယ့်နေရာသာmessageပို့ထားလိုက်''

အဟန်ပြောပြီးphချလိုက်သည်
တစ်ဖတ်မှာတော့
ပိုးဆက်တစ်ယောက်မျက်ရည်များကြားက
ပြုံးနေမိသည်
ထိုမျက်ရည်များကပိုးဆက်အတွက်
ဝမ်းနည်းလို့ကျတဲ့မျက်ရည်မဟုတ်ပါ
ဝမ်းသာလို့ကျသည့်မျက်ရည်များသာ
ဖြစ်သည်
.
.
.
.
.
.
.................

အရှင်း ယမုံနဲ့ လျှောက်လည်ကြသည်
ယမုံကရုပ်ရှင်ကြည့်ချင်တယ်ဆို့လို့
လိုက်ပြရသေးသည်
ယမုံနဲ့သာအတူတူရှိနေတာ
အရှင်းရဲ့စိတ်တွေကအဟန်ဆီကို
ရောက်နေမိသည်

ဒီချိန်အဟန်ဘာလုပ်နေလဲမသိဘူး

ထို့နောက်ယမုံက
ဗိုက်ဆာတယ်ဆိုလို့ဆိုင်တစ်ဆိုင်ကို
ထိုင်ခဲ့ကြလေသည်
ဆိုင်လေးကသပ်သပ်ရပ်ရပ်လေးနဲ့
နှစ်လိုဖွယ်ကောင်းလှသည်
သီးသန့်ထိုင်ချင်သူများအတွက်
သီးသန့်အခန်းလေးတွေပြုလုပ်ထားပေးသည်

အရှင်းတို့ကတော့
အပြင်မှာဘဲချောင်ကျကျနေရာမှာရှိတဲ့
စားပွဲမှာဘဲထိုင်လိုက်ကြသည်
အရှင်းနဲ့ယမုံအစားစားရင်း
ယမုံက

"ကို ဟိုတစ်ယောက်က ပါတီမှာတွေ့တဲ့
တစ်ယောက်မလား''

ယမုံပြောလို့အရှင်းကြည့်လိုက်တော့
ပိုးဆက်ရသွန် ဆိုသည့်အမျိုးသမီး

အမျိုးသမီးလို့ပြောရင်
အသက်ကြီးနေဦးမည်
ပိုးဆက်ကအသက်က၂၃နှစ်မျှသာ
ရှိသေးသည် အသက်အရွယ်နှင့်မလိုက်
ရင့်ကျက်တည်ငြိမ်နေပြီး
အဝတ်အစားကအစ
စတိုင်ကျလှပနေသည်
ရုပ်ရည်ကလဲမြင်သူငေးရအောင်
လှပနေပြီး ချစ်စရာကောင်းလှသည်ကို
ငြင်းလို့မရ
ပုံမှန်းသဏ္ဍန်ကိုကြည့်လိုက်လျှင်ပင်
ထက်မြတ်သည့်သူမှန်းသိသာလှသည်

အရှင်းကြည့်ပြီးမုန့်သာပြန်စားနေလိုက်သည်
ထို့နောက်တံခါးဖွင့်သံကြားလို့
လှမ်းကြည့်မိတော့အဟန်ဖြစ်နေသည်
အဟန် အရှင်းတို့ကိုမမြင်ဘဲ
စားပွဲထိုးခေါ်ရာနောက်ကို
လိုက်သွားသည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now