မင်းသာလျှင် ep(39)

336 29 0
                                    

Unicode

"Hello ယမုံ
Mr.black ကို့သူငယ်ချင်းကိုဖမ်းထားတယ်
ကိုသွားကယ်မှရမယ်
ကို့ကိုစုံစမ်းပေးပါလား
ကိုပထမဆုံးနဲ့နောက်ဆုံးတောင်းဆိုတာပါ''

ပထမဆုံးနဲ့နောက်ဆုံးတဲ့လား
ကိုရယ်

"ကို ခနစောင့်နော် ယမုံစုံစမ်းပေးမယ်''

ယမုံphချပြီး
အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်
တံခါးပေါက်ဝမှာအစောင့်နှစ်ယောက်

"မာမီ ဒယ်ဒီရောဟင်''

"သမီးဒယ်ဒီကိစ္စရှိလို့ထင်တယ်
အလောတကြီးထွက်သွားတယ်''

"ဒယ်ဒီ ဘယ်သွားမယ်ပြောသွားလဲ မာမီ''

"Candyရဲ့ဒယ်ဒီကဘယ်တုန်းက
သူသွားမယ့်နေရာကိုပြောသွားဖူးလို့လဲ
အခုလဲသေနပ်တစ်လက်ခါးကြားထိုးပြီး
ထွက်သွားလေရဲ့''

သေနပ်ဆိုတဲ့အသံကြားတော့
ယမုံ့ရင်ထဲထိပ်သွားသည်
တစ်ဖက်ကလူတစ်ယောက်ရဲ့အသက်ကို
ကယ်ဖို့သွားပေမယ့်
ကိုချစ်တဲ့သူဖြစ်နေတော့စိတ်မချနိုင်

"မာမီ သူတို့တွေက''

ယမုံ တံခါးဝမှလူနှစ်ယောက်ကိုမေးလိုက်ခြင်းသာ

"သမီးကို အပြင်မသွားစေနဲ့တဲ့
အစောင့်တွေပါထားသွားတာ
သူတို့ကိုမေးကြည့်ရင်တော့
သမီးဒယ်ဒီရှိတဲ့နေရာသိနိုင်လောက်တယ်''

ယမုံ သူမရဲ့အမေကိုခေါင်းငြိမ့်ပြလိုက်ပြီး
အစောင့်နှစ်ယောက်ကိုသွားမေးလိုက်သည်

"ဒယ်ဒီ ဘယ်သွားလဲသိကြလား''

အစောင့်နှစ်ယောက်က
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

"မသိပါဘူး''

ယမုံမျက်မှောင်ကျုံ့လိုက်ပြီး
မဲ့ပြုံးတစ်ချက်ပန်ဆင်လိုက်ကာ

"မင်းတို့ကငါ့ကိုညာချင်သေးတာလား
မင်းတို့ဒီနေရာမှာတင်အသက်ပျောက်သွား
ချင်ပြီထင်တယ်''

ယမုံပြောလိုက်တော့
ယမုံ့ရှေ့တွင်ဒူးထောက်လျက်

"မလုပ်ပါနဲ့မမလေး
သခင်ကြီးကမမလေးကို
ဘယ်မှမသွားရဘူးလို့မှာထားလို့ပါ''

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now