မင်းသာလျှင် ep(19)

380 27 0
                                    

Unicode

>>>Smile က အမေရိကန်ဗမာ ကပြားပါ
အသားဖြူတာနဲ့နှာခေါင်းချွန်တာတွေက
အမေရိကန်လူမျိုးနဲ့တူပေမယ့်
မျက်နှာချိုချို ပါးဖောင်းလေးနဲ့ကျတော့
တစ်မျိုးချစ်စရာကောင်းနေပြန်ရော
အရပ်ကလေးကတော့ကျွန်တော်နဲ့
မတိန်းမယိမ်းဘဲ ကျွန်တော်ကပိုရှည်မယ်ထင်တယ်
ကျွန်တော့ထက်လဲငယ်မယ့်ပုံပဲ
အခုလဲကျွန်တော်သူတို့သားအမိကို
Hotel လိုက်ပို့ခဲ့တာလေ
သူတို့ကအမေရိကန်လူမျိုးတွေဖြစ်လို့ မြန်မာနိုင်ငံဥပဒေအရ
ထောက်ခံစာမရသေးဘဲနဲ့
အိမ်မှာတည်းခွင့်မရှိဘူးလေ
ညကျရင်လဲသူတို့ကို
ကျွန်တော်သွားခေါ်ရဦးမည်
မေမေကdinnerဆိုပေမယ့်
ပါတီပုံစံလုပ်ထားတာပါဘဲ
ဖိတ်ထားတဲ့သူတွေလဲအများကြီးလေ
ကုမ္ပဏီလူကြီးတွေနဲ့သူတို့သားသမီးတွေရယ်
အရာထူးအရာခံတွေတတ်တဲ့ပွဲပေါ့<<<

"ကိုကိုရေ ကိုကိုရေ''

>>>ဟောဗျာ ဒီအသံကြားကတည်းက
သိလိုက်ပါပြီ
ကျွန်တော့ညီမဟန်လင်းသန့်ဆိုတာ
သူ့ကြည့်လိုက်ရင်အမြဲတမ်းဆူညံပြီး
စပ်ဆလူးကိုထနေတာဘဲ
အခုလဲကားပေါ်ကနေတောင်မဆင်းရသေးဘူး
သူ့အသံကြားနေရပြီ<<<

"ကိုကို ညီမလေးခေါ်နေတာမကြားဘူးလား
မေမေပြန်ရောက်ပြီဆို မေမေရော
ပြီးတော့ညီမလေးတွက်ဘာမုန့်ပါလာလဲ''

"ကဲအငယ်မရယ် ဖြေးဖြေးပြောပါ ရော့ရေလေးသောက်
ပြီးရင်ကိုကိုပြန်ဖြေပေးမယ်''

အောင်လေးသူ့ညီမရေသောက်နေတာကို
ကြည့်ရင်းပြုံးနေမိသည်
အောင်လေးမှာတွယ်တာစရာဆို
ညီမလေးတစ်ယောက်တည်းရှိသည်အလားဘဲ
သူ့အဖေကလဲအလုပ်တွေနဲ့ဘဲရှုပ်နေသည်
သူတို့ကိုဂရုမစိုက်အား အမေသည်လည်းအလုပ်ထဲမှာပင်
အမြဲအာရုံရောက်နေတတ်သည်
မြန်မာနိုင်ငံတောင်သူတို့ရှိလို့
ပြန်လာနေခြင်းဖြစ်သည် ဒါတောင်တစ်ချိန်လုံးအလုပ်ကိုဘဲ
အာရုံထားနေတတ်သည်
အောင်လေးအကိုသည်လည်းထိုနည်းအတိုင်းပင်
အောင်လေး၅တန်းနှစ်ကတည်းက
USမှာကျောင်းသွားတတ်ပြီး
USမှာဘဲအဖေ့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ရင်း
ကုမ္ပဏီရဲ့CEOအနေနဲ့ရှိနေသည်
မြန်မာနိုင်ငံကိုအလုပ်ကိစ္စနှင့်
တစ်ခေါက်သာပြန်လာဖူးသည်
ခင်လင်းသန့်ကတော့
အောင်လေးကိုပိုခင်တွယ်သည်
USကိုကျောင်းပြောင်းဖို့ကိုလက်မခံဘဲ
အောင်လေးနဲ့ဘဲအတူတူနေနေသည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now