မင်းသာလျှင် ep(36)

362 34 2
                                    

Unicode

"အရှင်းရေ ဟျောင့် အရှင်း''

"သားရေ မင်းသူငယ်ချင်းအပေါ်မှာရှိတယ်
တတ်သာတတ်သွားလိုက်''

"ဟုတ် အန်တီ နေကောင်းတယ်နော်''

"အေးကောင်းတယ်သား''

..........တံခါးဖွင့်လိုက်တော့

"ဟျောင့် ဟာ မထသေးဘူးလား''

".......''

"ဟာ ဟျောင့် ''

အောင်လေးဆက်တိုက်နှိုးမှ

"ဟျောင့် သေမို့အော်နေတာလား''

"ဟာ မနက်ခင်းကို ကျက်သရေရှိတဲ့စကားပြောပါကွာ
မင်းနဲ့ ထတော့ ငါတို့မနက်စာသွားစားရအောင်
အဟန့်ကိုလဲခေါ်ထားပြီးပြီ''

အဟန်ဆိုတဲ့အသံကြားတော့
အရှင်းမျက်ဝန်းထဲအရောင်လက်သွားသည်
ဘာမှမဖြစ်သလိုနေလိုက်လိုက်ပြီး

"အ့ဆိုလဲပီးရောလေ ငါရေချိုးလိုက်ဦးမယ်''

အရှင်းရေချိုးခန်းထဲဝင်သွားမှ
အရှင်းခုတင်ပေါ်တတ်ထိုင်လိုက်ပြီး
Phလေးထုတ်ပြီးပြုံးနေသည်

အောင်လေး Smileနဲ့
IGမှာအဆက်သွယ်ပြန်ရနေသည်လေ
အခုဆို Smileနဲ့တော်တော်အဆင်ပြေနေသည်
SmileကLGBTကိုနားလည်တော့
သူ့အတွက်အဆင်ပြေပေမယ့်
သူဖွင့်ပြောဖို့မဝံ့ရဲသေးပေ။
အောင်လေးခုတင်ပေါ်လှဲပီး
စဉ်းစားခန်းဝင်နေတာ
အရှင်းအဝတ်စားလဲပီးတာတောင်မသိလိုက်

"ဟျောင့် မင်းမျက်နှာကလဲနွားပွဲစားကျနေတာဘဲ
ငါရေချိုးပီးတာတောင်
မင်းကအတွေးမပျက်ဘူး
လာသွားမယ်''

အရှင်းခြေလှမ်းတို့က
အဟန်နဲ့တွေ့ရတော့မှာမို့သွက်နေသည်
အောင်လေးကိုတော့အဟန်နဲ့
သူ့အကြောင်းမပြောဖြစ်သေး
အေးဆေးကျမှဖွင့်ပြောမယ်လို့
နှစ်ယောက်သားတိုင်ပင်ထားကြသည်

ဆိုင်ရောက်တော့အဟန်ရောက်နှင့်နေပြီလေ
ဒါကြောင့်အဟန်နဲ့မျက်နှာချင်းဆိုင်ခုံမှာ
ဝင်ထိုင်လိုက်ကြသည်
waiterလာတော့မှာစရာရှိတာမှာပြီး
စားနေကြစဉ်
အောင်လေးကမစားဘဲတစ်ခုခုကို
စဉ်းစားနေဟန်ဖြင့်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now