Zawgyi code
အဟန့်ရဲ့ရင်တွေပေါက်ကွဲလုမတတ် ခံစားနေရတယ် မျက်ရည်များလဲအထိန်းကွပ်မဲ့စွာ
ကျဆင်းနေခဲ့တယ် အခုချိန်မှာအဟန်ရဲ့မျက်ရည်တွေကို တားဆီးပေးမဲ့သူ မည်သူမှမရှိခဲ့ပါဘူးအရှင်း...ယမုံနဲ့phပြောပြီးတော့မှ
အဟန့်ပြောခဲ့တာကိုပြန်စဉ်းစားမိတယ် သူဘာပြောမလို့ပါလိမ့် နာရီကြည့်လိုက်တော့ အဟန်ထွက်သွားတာ၁နာရီကျော်နေပြီ သူအခုထိပြန်မလာသေးဘူး ဘာများဖြစ်နေလဲမသိဘူး အရှင်းစိတ်ပူလာကာ အဟန်ဆီphဆက်မယ်အလုပ်
...ဒေါက်..ဒေါက်...ဒေါက်......
တံခါးခေါက်သံကြားတော့
"လော့မချထားဘူး ဝင်ခဲ့ပါ''
အရှင်းပြောလိုက်တော့ဝင်လာတဲ့သူက
"ဟျောင့်တွေ မင်းတို့ကဒီမှာဇိမ်ကျနေကြတယ်ပေါ့ ဟုတ်လား
ငါ့ဖြင့်မင်းတို့အဆင်ပြေကြရဲ့လား
စိတ်ပူနေတာ မင်းတို့ကphလေးတောင် ဆက်ဖော်မရဘူး တော်တော်ကောင်းတဲ့ကောင်တွေ
ဒါနဲ့ ဘယ်လိုလဲဟိုကိစ္စပြီးသွားပြီလား ဟိုကောင်ရောဘယ်ရောက်နေတာလဲ အသဲကွဲနေပြီလား''ရောက်တောင်မရောက်သေးဘူး
စကားအရမ်းများတဲ့ ဇွဲမာန်အောင်ဆိုတဲ့ အကောင်ကိုအရှင်းလှုပ်သာလှုပ်နိုင်ရင်
နားရင်းထအုပ်ပြီးတာကြာပြီပေါ့
အရှင်းစိတ်ထဲမှာတင်ရေရွတ်ပြီး အပြင်ကတော့မျက်စောင်းတွေကြည့်သာ လိမ့်ထိုးနေတော့သည်အဟန် ဆေးဆိုင်ရောက်တော့
ဆရာဝန်ကိုဘယ်လိုပြောရမလဲမသိတာနဲ့ ခေါင်းကုပ်ခြေကုပ်လုပ်နေလေရဲ့"ဘာကူညီပေးရမလဲခင်ဗျာ''
"ဆရာ ဟိုဟိုလေ အကိုက်ခဲပျောက်ဆေးရယ်
အနာလိမ်းဆေးရယ်''
"ဘာအတွက်လဲခင်ဗျ''
"ဟမ်!!! အဲဒါကလေ''
အဟန်တစ်ယောက်တော်တော်ပင်
အခက်တွေ့နေရှာသည် ဆရာဝန်လဲရိပ်မိသည်နှင့်
"လိင်ဆက်ဆံပြီးဖြစ်တဲ့ဝေဒနာလား''
ဆရာဝန်မေးမှအဟန်လဲခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်တယ်
ဆရာဝန်လဲပြုံးစိစိနဲ့
ဆေးကိုထုပ်ပေးတော့သည်
"ကျေးဇူးပါဆရာ''
"ရပါတယ်ဗျာ ပထမဆုံးအကြိမ်တွေဆို ဒီလိုဘဲကြုံတတ်ကြပါတယ် ဆေးကိုပြန်ရောက်ရောက်ချင်းတစ်လုံး
အရင်တိုက်လိုက်ပါ မနက်ဖြန်မနက်ခင်း
တစ်လုံးတိုက်လိုက်ပါ သက်သာမှာပါ လိမ်းဆေးကတော့လိုမှာမဟုတ်ပါဘူး
ပထမဆုံးအကြိမ်မို့ပါ''
"ဆရာ ဟို ဟိုလေ ယောက်ျားလေးဖြစ်နေလို့ပါဆရာ''
အဟန်ခေါင်းလေးကုပ်ကာ ရှက်ရယ်ရယ်နဲ့ပြန်ဖြေလိုက်တော့ ဆရာဝန်ကပထမတော့အံ့အားသင့်သလို
နောက်မှပြုံးစိစိပြန်ဖြစ်သွားပြီး
"ရပါတယ် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်အဲ့ဆေးကို
သောက်လို့ရပါတယ် အော်အ့ဆိုဆေးလိမ်းဖို့တော့လိုမယ်ထင်တယ် ဒါနဲ့အကာအကွယ်တို့ချောဆီတို့သုံးလား''
အဟန်ခေါင်းသာရမ်းပြလိုက်သည်
"အဲဒါဆိုလမ်းတောင်လျှောက်နိုင်မယ့်ပုံမပေါ်ဘူး
(ဟီး ကြော်ငြာဝင်လိုက်ဦးမယ်😁😁
ဆရာဝင်ကအတွင်းကျကျသိတယ်နော် 😄😄
စဉ်းစားစရာဘဲ 🤔🤔)
ဆေးကို၂လုံးတိုက်လိုက်ပါ
ဒီမှာအနာကျက်ဆေး နောက်တစ်ခါဆိုအကာအကွယ်ဆောင်ပါ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေ အပါအဝင် ဖိုဖိုချင်းဆက်ဆံတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ရောဂါဆိုတာ ကျွန်တော်တို့ဆေးပညာလောကမှာ အများအပြားတွေ့ရှိရတယ် အဲဒါကြောင့်အဲဒါတွေကိုကြိုတင်
ကာကွယ်နိုင်အောင် ပြုလုပ်ထားသင့်ပါတယ်''
"ဟုတ်ကဲ့ ဆရာ အခုလိုရှင်းပြပေးတာကျေးဇူးပါပဲဆရာ''
အဟန်ပိုက်ဆံရှင်းပြီ အနီးနားက supermarket တစ်ခုကိုဝင်ပြီးအဝတ်စားဝယ်ကာတစ်ခါတည်း
လဲလိုက်ပြီး အရှင်းတွက်ပါတစ်စုံဝယ်ပြီး
ပြန်လာခဲ့တယ်
YOU ARE READING
မင်းသာလျှင်(complete) Unicode & Zawgyi
Hayran KurguUnicode & Zawgyi ပထမဆုံးစရေးတဲ့ficလေးမို့ အရေးအသားညံ့ဖျင်းခဲ့ရင်တောင်းပန်ပါတယ်နော် အားပေးဝေဖန်ပေးကြပါဦးနော် အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေကနေမထင်မှတ်ထားတဲ့အဖြစ်တစ်ခုနဲ့ကြုံခဲ့ရတဲ့သူတို့နှစ်ဦး မဖြစ်နိုင်တဲ့အချစ်လို့သတ်မှတ်ထားပေမယ့်ရင်မှာသူ့အလိုလိုပေါက်...