မင်းသာလျှင် ep(12)

551 38 0
                                    

Unicode

။အဟန် အရှင်းကို ရီဝေသောအကြည့်များနဲ့ ကြည့်နေပြီး

"အရှင်း ကို မင်းကိုဝန်ခံစရာရှိတယ်''

အရှင်းလဲအဟန့်ကိုပြန်ကြည့်နေတယ်
အရှင်းမျက်နှာလေးက ပန်းရောင်လေးသန်းနေလေရဲ့ အဟန်အရှင်းနဲ့မျက်လုံးချင်းစုံတာနဲ့ အဟန်ဖွင့်ပြောမလို့လုပ်တုန်း

..ဒေါက်..ဒေါက်..ဒေါက်..

တံခါးခေါက်သံကြားတော့ နှစ်ယောက်သားခေါင်းထောင်ကြည့်လိုက်ပြီး
အဟန်ကပြုံးပြကာ ရေချိုးနေနော် ပြီးတော့လာခေါ်မယ် ပြောပြီး
bathrobeကိုဝတ်ကာထွက်သွားတော့မှ
အရှင်းသက်ပြင်းချမိတယ်
သူဘာပြောမလို့ပါလိမ့် လို့
ရေရွတ်ပြီးရေဆက်ချိုးနေလိုက်တယ်
အဟန်တံခါးဖွင့်လိုက်တော့ ဝန ဖြစ်နေတယ်

"အော် ဝန ဘာကိစ္စရှိလို့လဲ''
"ဘာမှမဟုတ်ပါဘူးကွာ မင်းတို့အဆင်ပြေကြလားလို့လာကြည့်တာ
ဝန်ထမ်းတွေကပြောတော့
မင်းတို့မနက်စာတောင်မှာမစားကြဘူးဆို
အဲဒါကြောင့်မို့လာမေးတာ''

ဝနပြောမှကျွန်တော်နာရီကြည့်မိတယ်
၁နာရီတောင်ရှိပြီဘဲအရှင်းပြောပုံအရဆို
မနက်ခင်းမှအိပ်ပျော်သွားတဲ့ပုံဘဲ
စဉ်းစားရင်းစဉ်းစားရင်းနဲ့ အရှင်းကိုပိုပြီးသနားသွားတယ်

"ဟျောင့် အဆင်ပြေရဲ့လား''

ဝန မေးမှကျွန်တော်သတိပြန်လည်လာတယ် ဝနဆိုတာမနေ့ညကမှသိတာပါ သူ့ကိုကျွန်တော်မြင်ဖူးနေတာကြာပါပြီ
အရှင်းနဲ့ပတ်သတ်ပြီးတော့ပေါ့ တစ်ခါနှစ်ခါလောက်တော့တွေ့ဖူးတယ် အရှင်းနဲ့ကသာမန်ဆက်ဆံရေးမျိုး မဟုတ်ဘူးဆိုတာတော့သိတယ်

"ပြေပါတယ် ငါတို့အတွက်စားစရာတွေ
လာပို့ခိုင်းလိုက်တော့ အော်နေဦး ပင်လယ်စာနဲ့ပတ်သတ်တဲ့အစားအစာတေ မထည့်ပါနဲ့ကျန်တာအဆင်ပြေသလို
စီစဉ်လိုက်ပါ'' >>>ဘာလို့လဲဆိုတော့အရှင်းကပင်လယ်စာတွေနဲ့ဓာတ်မတည့်ဘူးလေ<<<
အဟန်တွေးရင်းကိုယ့်ဘာကိုပြုံးနေတယ်

"အင်း အ့ဆိုသွားစီစဉ်လိုက်ဦးမယ်''
"အော် မေ့လို့ဝန်ထမ်းတွေကို
အိပ်ယာခင်းလဲပေးဖို့ပြောလိုက်ပါဦး''
"အေး နောက်ထပ်ဘာမှာစရာရှိသေးလဲ''
"ရပြီ ကျေးဇူးဘဲ''

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now