မင်းသာလျှင် ep(38)

396 26 3
                                    

Unicode

📱📱📱📱📱

"ဝန ပြော''

''ငါ့သရုပ်မှန်ကိုသိသွားကြပြီ''

''ဘာ ဟာကွာ အခုမင်းဘယ်မှာလဲ''

''ငါအခုလမ်းပေါ်မှာ
ငါရှောင်ပြေးမနေတော့ဘူး သျှား
ဦးလေးစိုင်းကိုလဲသူတို့ဖမ်းထားကြတယ်''

"ဟာကွာ သ မင်းလျှောက်မလုပ်နဲ့
သူတို့ဆီသွားတာ မင်းကိုမင်းသတ်သလိုဘဲ
အခုအခြေနေထိရောက်နေပြီးမှ''

''သျှား ကျေးဇူးပါကွာ
ငါ့ရဲ့သူငယ်ချင်းဖြစ်ပေးလို့
အစစအရာရာ ကူညီပေးခဲ့လို့''

''သ''

''ငါဆုံးဖြတ်ပြီးသွားပြီသျှား
ငါမပြင်နိုင်တော့ဘူး''

''အခုမင်းဘယ်ရောက်နေပြီလဲ
ငါပါလိုက်ခဲ့မယ်''

"မင်းဝင်မပါပါနဲ့တော့ကွာ
ငါမင်းကိုအန္တရာယ်ကြားဆွဲမခေါ်ရက်ဘူး
ကိုယ့်ကိုကိုယ်ဂရုစိုက်နော်သျှား
ငါတို့ကံမကုန်ရင်ပြန်ဆုံကြတာပေါ့
တီ..''

''ဟယ်လို သ သ ဟာကွာ''

ငါဘာလုပ်ရမလဲ
ငါ သ ကိုအသေမခံနိုင်ဘူး

အရှင်းတောင်လျှောက်မြောက်လျှောက်နှင့်
စဉ်းစားနေပြီးမှ
အရှင်းမျက်ဝန်းတွေက
စားပွဲ၏အောက်ဆုံးအံဆွဲဆီသို့

အံဆွဲကိုဖွင့်လိုက်တော့
သေနတ်တစ်လက်နဲ့ကျည်ဆံတွေ

သ ကိုကျေးဇူးတင်ရမည်
တရားမဝင်ဘူးဆိုတာသိပေမယ့်
ကိုယ့်ကိုကိုယ်ကာကွယ်ရအောင်
ဆိုပြီးပေးထားလို့သိမ်းထားခြင်းဖြစ်သည်
အခုတော့အံကိုက်ဖြစ်နေသည်

သ မင်းကိုတစ်ယောက်တည်းတော့
မလွှတ်နိုင်ဘူး
မင်းနောက်ကိုငါပါလိုက်ခဲ့မယ်

အရှင်းစိတ်ထဲမှာတင်ရေရွတ်လိုက်ပြီး
သေနတ်ကိုခါးကြားထိုးလိုက်သည်
အဆင်သင့်ထည့်ထားတဲ့ကျည်တောင့်တွေကို
အိပ်ထဲထည့်လိုက်ပြီး
စားပွဲပေါ်မှphကိုယူလိုက်ကာ
နံပါတ်တစ်ခုကိုနှိပ်လိုက်သည်

🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫

အဘွားဆုံးလို့USကိုပြန်လာရတာ
ကိုဇွဲကိုနှုတ်မဆက်ခဲ့ရလို့
စိတ်မကောင်းဖြစ်ရသည်
ကျွန်တော့ခံစားချက် ကျွန်တော်သာအသိဆုံး
ကျွန်တော်ကိုဇွဲအပေါ်ခံစားချက်ရှိနေသည်ကိုလေ
အင်္ဂလိပ်မလေးတွေကိုထည်လဲတွဲခဲ့ပေမယ့်
တစ်ခါမှရင်မခုန်ခဲ့ဖူးဘူး
ကျွန်တော့်သူငယ်ချင်းတွေကြောင့် LGBTကို
နားလည်ခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်က
ယောက်ျားစစ်စစ်တစ်ယောက်မို့
စိတ်မဝင်စားခဲ့
ကောင်မလေးတွေရဲ့
အနမ်းများစွာကိုပိုင်ဆိုင်ဖူးခဲ့ပေမယ့်
ကိုဇွဲပေးခဲ့တဲ့အနမ်းလောက်
စိတ်မလှုပ်ရှားခဲ့ဖူးတာအမှန်ပါ
ကိုဇွဲပေးတဲ့အနမ်းလောက်
မတပ်မက်ဖူးတာအမှန်ပါ
ပုဂံကအပြန်ဖွင့်ပြောမယ်လို့
ရည်ရွယ်ထားပေမယ့်
ရုတ်တရက်ပြန်ခဲ့ရတော့ဖွင့်ပြောခွင့်မကြုံခဲ့ရ
ကျွန်တော့်ရဲ့IGမှာfollowerအသစ်မို့
ကြည့်လိုက်တာ ကိုဇွဲမှန်းသိတော့
မျက်ရည်ကျရလောက်တဲ့ထိ
ပျော်ခဲ့ရတာခင်များသိမှာမဟုတ်ဘူး ကိုဇွဲ
ကိုဇွဲ IGမှာလာHiတော့
ပျော်လိုက်ရတာ ဒီလိုနဲ့ဘဲစကားပြောဖြစ်ခဲ့ကြသည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now