မင်းသာလျှင် ep (16)

419 26 0
                                    

Unicode

"လာ ကို ရေချိုးခန်းထဲလိုက်ပို့ပေးမယ်
အဝတ်လဲရအောင်''

အဟန်အရှင်းကိုတွဲပီးလိုက်ပို့ပေးရှာသည်
အရှင်းလဲစူပုတ်ပုတ်ဖြင့်
ဘာမှမပြောဘဲအဟန်တွဲခေါ်ရာနောက်သာ
ဖြည်းဖြည်းချင်းလိုက်သွားလေသည်
ပြောလို့လဲမရဘူးလေ အဟန့်ကိုရန်တွေ့ချင်ပေမယ့် အောင်လေးကရှိသေးတယ်လေ
အောင်လေးစိတ်ထဲမှာတော့

်>>>အဟန်က ကိုယ့်ကိုကိုယ် 'ကို'ဆိုပါလား<<<
ရေချိုးခန်းထဲမှာတော့

"လာ ကိုဆေးလိမ်းပေးမယ်
ဆရာဝန်ကပြောတယ်
အရှင်းကယောက်ျားလေးမို့
ဆေးလိမ်းပေးဖို့လိုတယ်တဲ့''

အဟန်ပြောလိုက်တော့အရှင်းရဲ့မျက်နှာလေး
ခရမ်းချဉ်သီးဖြစ်သွားကာ ပြီးမှ

"ဟမ်!!မင်းက ယောက်ျားလေးဆိုတာပါပြောပြလိုက်တာလား..
အ..အွန်း...အွန့်...အွန်း...''

အရှင်းအလန့်တကြားအော်လိုက်တော့ အဟန်အရှင်းရဲ့ပါးစပ်ကိုပိတ်ဖို့
ဖတ်နမ်းလိုက်တော့ အရှင်းဆက်မပြောနိုင်ဘဲ
တစ်အွန်း အွန်း နဲ့သာဖြစ်နေရှာတယ်
အတော်ကြာကြာမှ အရှင်းအဟန့်ကိုတွန်းလွှတ်ပြီး

"ခန ငါအသက်ရှူကြပ်လို့''
ဆိုပြီး အသက်ကိုဝအောင်ရှူနေတဲ့ပုံက အဟန့်ကိုတစ်ဖန်ဆွဲဆောင်နေလေသည်
အရှင်းအသက်ရှူဝမှအဟန်ဆက်နမ်းမယ်အလုပ်

"ဟျောင့်တွေ မပီးကြသေးဘူးလား
အဲ့ထဲဘာလုပ်နေကြတာလဲ
ကြာလိုက်တာကွာ''

>>>မအေဘေး အဖျက်သမား<<<
ဆိုပြီး အဟန်ရောအရှင်းပါ စိတ်ထဲကနေ ပြိုင်တူကျိန်ဆဲလိုက်ကြတာ

"ဟက် ဟက် ဟက်ချိုး.....ဟ ငါ့ကိုဘယ်သူတေကျိန်ဆဲနေကြလဲမသိဘူး''

အောင်လေးအပြင်ကနေပြောလိုက်တော့
အဟန်ရောအရှင်းပါ ဟက်ကတည်းထရီကြလေသည် ပြီးမှ

''ကဲ အဲ့အကြောင်းနောက်မှပြောပြမယ် အခုဆေးလိမ်းပေးမယ်''

အဟန်ပြောလိုက်တော့အရှင်းမျက်နှာ
တဖန်ပြန်ရဲသွားပြီး

"အာ ရတယ် ငါဘာသူလိမ်းလိုက်မယ် မင်းအပြင်ထွက်နေ ပြီးမှလှမ်းခေါ်လိုက်မယ်''
"ဘယ်ဖြစ်မလဲ မင်းလိမ်းရင်နှံ့စပ်မှာမဟုတ်ဘူး
ငါလိမ်းပေးပါ့မယ်ကွာ လာပါ''
"ဟာကွာ ငါဘာသူလိမ်းပါ့မယ်ဆိုမှ
သွားကွာ သွား လို့ဆို''

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now