မင်းသာလျှင် ep(31)

348 25 1
                                    

Unicode

"မင်းတို့ရန်ဖြစ်ချင်ရင်
တခြားနေရာသွားကြ
ငါဘာသံမှမကြားချင်ဘူး''

တံခါးဖွင့်ကာဒေါသသံစွတ်၍
ပြောလာသူက အရှင်း

အရှင်းပြောပြီး
တံပိတ်ခါးပြန်မို့အလုပ်
အဟန်လက်နဲ့ ကလန့်ခံပြီးတားလိုက်သည်

အ!!

အဟန်တံခါးကြားလက်ညက်သွားတော့
အရှင်းမျက်လုံးပြူးသွားပြီး
ပြီးမှ စိတ်ရှုပ်နေဟန်ဖြင့်
ကျွတ်တစ်ချက်သပ်ပြီး

"ဟာကွာ ကျွတ်!
ဘာကြောင့်အဲလိုလုပ်လိုက်ရတာ''

"ငါရှင်းပြတာနားထောင်ပြီးမှ
မင်းကြိုက်သလိုလုပ်''

အဟန်ပြောလဲပြော
သူ့လက်ကိုကိုင်ကာ အရှင်းကိုတိုက်သွားပြီး
တိုက်ခန်းထဲကိုဇွတ်ဝင်သွားသည်

အဟန့်ပုံစံက စိတ်ဆိုးနေဟန်
အသံလဲမာနေသည်မို့
ကျွန်တော်ကြောင်တောင်
ကြောင်သွားသည်
ဒေါသဖြစ်ရမှာသူလားးအဟန်လား
မသဲကွဲတော့ လောလောဆယ်
ဆေးသုံးထားတာကြောင့်
လူကမှိန်းချင်နေသည်

ဝနကတော့''ဖြစ်ပါ့မလားလို့''မေးပေမယ့်
"ရတယ်''လို့သာပြောလိုက်တာ
လူကမှိုင်တွေတွေဖြစ်နေသည်
ဘာမှမစဉ်းစားချင်တော့
ဒါကြောင့် ဝန ကိုသာပြန်လွှတ်လိုက်ပြီး
့အခန်းထဲဝင်လာလိုက်သည်

🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪🚪

ဟန်လင်းသန့်

ကျွန်မ Smileတို့နဲ့အတူ
ပုဂံလိုက်သွားရင်း
Smileနဲ့တော်တော်လေးရင်းနှီးခဲ့သည်
Smileကတော်တော်လေး
သဘောကောင်းသလို စိတ်ကောင်းနှလုံးကောင်းရှိသူ သူတစ်ပါးကိုကူညီရိုင်းပင်းတတ်သလို
အနစ်နာခံတတ်သူဖြစ်သည်
ဒါကြောင့်ကျွန်မSmileကို
ကျွန်မအစ်ကိုနဲ့သဘောတူပေးမလား
မေးလာခဲ့ရင် ကျွန်မသဘောတူပေးမည်
ကျွန်မကfujoshiဖြစ်လို့
သဘောတူပေးလိုက်တာတယ်ထင်ရင်
သိပ်မှားသွားမှာပေါ့
အခုမှကျွန်မအစ်ကိုပြောတာကို
ကျွန်မနားလည်လာသည်
အပြင်လောကကြီးနဲ့ကျွန်မဖတ်နေတဲ့
BLဝတ္ထုတွေကွာခြားတယ်ဆိုတာ
ကျွန်မက Fujoshi ဟုတ်တယ်
ကျွန်မကကောာင်လေးနှစ်ယောက်ရဲ့
ချစ်ခြင်းကိုနားလည်ပေးတယ်
အားပေးတယ်ထောက်ခံပေးတယ်
ဒါပေမယ့်ကျွန်မအစ်ကိုဖြစ်နေရင်ရော
ကျွန်မအဲ့လိုအားပေးထောက်ခံ
ပေးနိုင်မှာလား ကျွန်မစဉ်းစားရပြီ
ဟုတ်တယ် အပြင်လောကမှာက
လိင်တူချစ်ကြိုက်မှုကို
လူနည်းစုသာလက်ခံကြသည်
ကျွန်မတစ်ခါမှအပြင်လောကအကြောင်း
ထည့်မစဉ်းစားမိဘူး
ကျွန်မကမ္ဘာလေးထဲမှာဘဲ
ကျွန်မပျော်ရွှင်နေမိတာပါ
အခုကျွန်မအစ်ကိုနဲ့ပတ်သတ်လာပြီ
ကျွန်မထည့်စဉ်းစားရတော့မယ်
ကျွန်မအကြိမ်ကြိမ်စဉ်းစားပြီးမှ
သဘောတူပေးခဲ့တာပါ
ဒါကလဲကျွန်မရဲ့သဘောထားပါ
တကယ်လို့ကျွန်မအစ်ကိုနဲ့Smileတို့
ချစ်ကြိုက်ခဲ့ရင်ပေါ့

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now