မင်းသာလျှင် ep (28)

358 27 0
                                    

Unicode

အရှင်းရေချိုးပြီးထွက်လာတော့

တီတောင် တီတောင်!!!

Bellသံကြားတော့
တံခါးသွားဖွင့်ပေးလိုက်သည်
အရှင်းကိုယ်ပေါ်မှာသဘက်တစ်ထည်သာ
ပတ်ထားသည်
ဝန အထဲမဝင်ဘဲအရှင်းကို
ကြောင်ကြည့်နေမိသည်

"ဟျောင့် မဝင်ဘဲနဲ့ဘာလုပ်နေတာလဲ''

အရှင်းမျက်မှောင်ကျုံ့ပြီးပြောလိုက်မှ

"အော် အေးအေး''

ဝန ကြောင်အမ်းအမ်းနဲ့ပြောပြီး
ဝင်လာခဲ့သည်

"ဘယ်မှာလဲဆေး''

"ရော့''

"မင်း ဘာစိတ်ညစ်စရာရှိနေလို့လဲ''

"ဘာမှမဟုတ်ပါဘူးကွာ ဒီလိုပါဘဲ''

အရှင်းမှိုင်တွေတွေသာပြောသည်

"မင်းကငါရဲ့ကျေးဇူးရှင်လဲဖြစ်သလို
တ်းဦးတည်းသောသူငယ်ချင်းလဲဖြစ်တယ်
မင်းအခုလိုဆေးသုံးနေတာကို
ငါသဘောမကျဘူး
မင်းစိတ်ညစ်ရင်တခြားဟာလုပ်ပါလားကွာ
ငါအကုန်လိုက်လုပ်ပေးမယ်
ရေခဲသေတ္တာထဲမှာမင်းအတွက်
အစုံအလင်ငါထည့်ပေးထားတယ်''

အရှင်းခေါင်းသာငြိမ့်ပြပြီး

"တခါတလေမှပါကွာ
ငါကစွဲနေတဲ့သူမှမဟုတ်တာ''

ဆေးလိပ်တစ်လိပ်မီးညှိပြီးဖွာလိုက်သည်

"အော် မင်းကိုပြောရဦးမယ်
မင်းသူငယ်ချင်းဟန်မင်းကိုကိုရဲ့
fatherကြီးလူတွေငါ့နောက်လိုက်ပြီး
စုံစမ်းနေကြတယ် တကယ်လို့
ငါတို့နဲ့ငြိလာရင်ဘယ်လိုလုပ်လိုက်ရမလဲ''

အရှင်းတစ်ချက်စဉ်းစားပြီးမှ

"ငြိလာရင်တော့မင်းတို့အပိုင်းဘဲလေ
အဟန်နဲ့ပတ်သတ်လာရင်တော့
ငါကိုလှမ်းအကြောင်းကြားလိုက်''

"Ok အခုတလောလမ်းကြောင်းတွေရှုပ်နေတယ်
မကြာခင်ပွဲစတော့မယ်ထင်တယ်''

"မင်းရဲ့ရည်မှန်းချက်ပြည့်တော့မှာပေါ့
ငါလဲမင်းကိုဒီလောကမှာ
ကြာကြာမတွေ့ချင်တော့ဘူး''

"အေးပါ
ထုံးစံတိုင်းအပေးအယူလုပ်ကြရအောင်''

အရှင်းကမေးဆတ်ပြသည်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now