မင်းသာလျှင် ep(25)

360 21 0
                                    

Unicode

သျှားဝင့်ရှင်း

ပါတီပွဲညကအဟန်
ကျွန်တော့်ရင်ခွင်ထဲမှာ
တစ်ညလုံးငိုနေခဲ့တယ်
အဟန် အဲ့ဒီမိန်းမကို
တော်တော်ချစ်ခဲ့ပုံဘဲ
အဲ့ဒီအကြောင်းကိုစဉ်းစားမိတော့
ဘာကြောင့်မှန်းမသိ
ကျွန်တော့ရင်ထဲမှာဆူးအောင့်သွားတယ်
ကျွန်တော်နဲ့အဟန်က၅တန်းနှစ်မှ
ခင်ခဲ့ကြတာပါ
ကျွန်တော့်မိဘတွေကြောင့်
ကျွန်တော့်အဒေါ်တွေဆီကို
စိတ်ဒဏ်ရာတွေနဲ့ရောက်လာခဲ့တဲ့ကျွန်တော့ကို
အားပေးနှစ်သိမ့်ပေးရင်း
ဂရုစိုက်ပေးခဲ့တယ်
အဟန်ဟာ ကျွန်တော့်ဘဝရဲ့
ပထမဦးဆုံးညီအကိုလိုခင်ခဲ့ရတဲ့
သူငယ်ချင်းပေါ့
ကျွန်တော်အဟန့်အကြောင်းကို
သိပ်မသိခဲ့ပါဘူး
ဒီလောက်နှစ်တွေကြာကြီး
အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်နေပီး
ဘာကြောင့်မသိတာလဲလို့မေးလာခဲ့ရင်
ကျွန်တော်အဟန်အပေါ်ဂရုမစိုက်ခဲ့တာ
ပေါ်လွန်နေခဲ့တာဘဲ
အဟန်ကကျွန်တော့်အကြောင်းကို
က ကနေ အ အထိအကုန်သိတယ်
ဂရုစိုက်ပေးတယ်
ကျွန်တော်ကတော့ရည်းစားတွေနဲ့ဘဲ
အချိန်ကုန်နေခဲ့တယ်
ကျွန်တော်သိလိုက်ရတဲ့အချိန်
ကိုယ့်ကိုကိုယ်ဒေါသအရမ်းထွက်ခဲ့တယ်
အဟန့်ပေါ်မှာအရမ်းအားနာပီး
စိတ်မကောင်းဖြစ်နေမိတယ်
ကျွန်တော်အဟန်နဲ့ပတ်သတ်သမျှ
အရာရာကိုအာရုံမရှိခဲ့လို့နောင်တရနေမိတယ်
ကျွန်တော်အခုအဟန့်အကြောင်းကို
အကြောင်းရာသေးသေးလေးကအစ
သိချင်နေမိတယ်

အဟန်ငါမင်းကိုနောက်ထပ်
နာကျင်စရာတွေမဖြစ်ရအောင်
ငါအရာရာဂရုစိုက်ပေးသွားပါ့မယ်

မနက်ဖြန်ဆိုကျောင်းပြန်ဖွင့်ပြီ
ဒီနှစ်ဝက်ကျောင်းပိတ်ရက်ကြီးက
ကျွန်တော့်ကိုမယုံနိုင်လောက်တဲ့
ကံကြမ္မာတွေနဲ့ခံစားချက်တွေကို
ပေးစွမ်းသွားခဲ့တယ်
ဒါပေမယ့်ဘယ်သူယုံမှာလဲ
ကျွန်တော်တို့အရင်လိုဘဲ
သူငယ်ချင်းတွေလိုနေကြပြီး
ပုံမှန်အတိုင်းလည်ပတ်နေကြတယ်ဆိုတာ
တစ်ခုတော့ရှိတယ်
အဟန်ကျွန်တော့အပေါ်အရင်ကထက်ပိုပြီး
ဂရုစိုက်ပေးခဲ့တယ်
ကျွန်တော်ကလဲအဟန်အပေါ်
အရင်ကထက်ပိုပြီး
ဂရုစိုက်ပေးတယ်
အဟန်ရဲ့အပြုအမူတိုင်းကအစ
မှတ်သားနေမိတယ်

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now