မင်းသာလျှင် ep(30)

383 27 5
                                    

Unicode

"ပိုးလေးအိမ်ထောင်ပြုတော့မှာပေါ့''

"ဟုတ်တယ်ဟန်လေး''

"ဘယ်သူနဲ့လဲ''

"ပိုးပိုးလေး အရမ်းချစ်ရတဲ့သူနဲ့ပေါ့
ဒါပေမယ့် သူကယောက်ျားမဟုတ်ဘူး
မိန်းမ''

ပိုးဆက်စကားကြောင့်ဟန်လေးလန့်သွားပြီး

"မိန်းမ!!!

"အင်း ဟုတ်တယ် ဟန်လေး
သူက Justin Kingရဲ့ညီမလေ
Justin queenတဲ့''

ဟန်လေးမယုံနိုင်ကြီးစွာ
အရှင်းကိုစိတ်ပူနေတာတောင်
ပိုးဆက်ပြောလိုက်တဲ့စကားကြောင့်
ခနတာမေ့လျော့သွားသည်

"ပိုးပိုးလေး သူ့ကို
တကယ်ချစ်လို့လား
ပြီးတော့သူက Tom boyလား''

"မဟုတ်ဘူး ဟန်လေး
သူကသိပ်လှပတဲ့အမျိုးသမီး
ရဲရင့်တယ် ပြတ်သားတယ်
ထက်မြက်တယ် အရာရာပြည့်စုံတယ်
ပိုးပိုးလေးဘက်ကအရင်သူ့ကို
ချစ်ခဲ့ရတာ ''

ပိုးဆက်ပြောနေတာကိုကြည့်ပြီး
အဟန် ပိုးဆက်မျက်ဝန်းထဲက
လေးနက်မှုတွေ ကြည်နူးမှုတွေ
ချစ်ခြင်းမေတ္တာတွေကိုတွေ့နေရတယ်

"ပိုးပိုးလေးတကယ်ပြောနေတာဘဲ''

အဟန်ပြောတော့ ပိုးဆက်ခြောက်ကပ်ကပ်
ရယ်လိုက်ပြီး

"ဟက်ဟက် ဟန်လေးရယ်
ပိုးပိုးလေးကနောက်ပြီးပြောပါ့မလား
Love is Love တဲ့လေ
အချစ်ကအချစ်ဘဲ
ကျား မ ခွဲခြားထားတာမရှိဘူး
ဟန်လေးလဲ ရှင်းလေးရှိပြီဆိုတော့
နားလဲမှာပါ''

ပိုးပိုးလေးနွေးထွေးစွာပြောပြီး
အဟန်ခေါင်းပွတ်ပေးနေသည်
အဟန်ပိုးပိုးလေးကိုမှီပြီး

"အရှင်း ကျွန်တော့ကိုအထင်လွဲသွားပြီ
ကျွန်တော်ဘယ်လိုလုပ်ရမလဲ''

"ရှင်းပြရမှာပေါ့ဟန်လေးရယ်
ရှင်းပြရမှာပေါ့
အရင်ဆုံးဟန်လေးအရင်ရှင်းပြလိုက်
ရှင်းလေးမယုံရင်ပိုးပိုးလေးလိုက်ရှင်းပြမယ်
ဟုတ်ပြီလား''

"ဟုတ်''

🌀🌀🌀🌀🌀Flash  end🌀🌀🌀🌀🌀🌀

((Flashing က နှစ်ပိုင်းခွဲလိုက်ရတယ် 😊😊))

မင်းသာလျှင်(complete)  Unicode & ZawgyiWhere stories live. Discover now