"ငါမင်းကို အခက်တွေ့အောင်မလုပ်ပါဘူး။ မင်းကို ငါနဲ့ သရဲဘုံမှာ နှစ်ရက်လောက်ပဲလိုက်နေဖို့ ပြစ်ဒဏ်ချတာပါ။! တစ်ခါတစ်လေတော့ မင်း သီချင်းဆိုပြီး နည်းနည်းလောက်ကပြရမယ်။ ဒါမှမဟုတ် သတ်ဖြတ်ရမယ့်နေရာမျိုးမှာ ငါ့ကိုကူပေးရမယ်။ ပြီးတော့ သရဲဘုရင် ဘုရင်ကြီး..အဲ့လိုလည်း ခေါ်စရာမလိုဘုး။ Han Geလို့ပဲ ခေါ်ရင်ရပြီ။ ဒီကမ္ဘာမှာ ငါ့ကို အဲ့လိုခေါ်ရဲတဲ့သူ နည်းနည်းပဲရှိတာ ဒီနေ့တော့ ငါမင်းကို အဲ့ဒီ့အခွင့်အရေးပေးမယ်လေ။ မင်းဂုဏ်ယူသင့်တယ်။ နားလည်လား။?"
သူ့စကားများကို Qianhua သေချာစဉ်းစားလိုက်သည်။ ထိုစကားများတွင် ထောင်ချောက်တစ်စုံတစ်ရာရှိမည်ဟုတော့ သူမမထင်ပေ။ ထို့ကြောင့် ရိုးအသောမျက်နှာလေးနှင့် သေချာအောင်ထပ်မေးလိုက်သည်။ "နှစ်ရက်ပဲနော်။?"
"ဒါပေါ့" Han Ge က မျက်ခုံးပင့်လိုက်ပြီး သူ့နဖူးပေါ်မှ ဆံစလေးများကို ဆော့ကစားနေရင်းဖြေလိုက်သည်..။ ထိုနောက်သူက ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် "မင်းရက်နည်းနည်းပိုနေမယ်ဆိုရင်လည်း ရပါတယ်။""နှစ်ရက်ဆိုရင် လုံလောက်ပါပြီ။" QianHuအလျင်အမြန်ပြန်ဖြေလိုက်သည်။ သူမအနေဖြင့် ကောင်းကင်မင်းကြီး၏မွေးနေ့ပွဲကိုလည်း သူမဦးလေးနှင့်အတူတက်ရဦးမည်ဖြစ်ရာ ဤကိစ္စက သူမအတွက်တော့ သရဲဘုံသို့ နှစ်ရက်အခမဲ့ ခရီးသွားရခြင်းသာဖြစ်သည်။ ဒီလိုအခွင့်ကောင်းကို အရယူကာ လက်ရှိပျင်းစရာလောကမှ ခနလောက်အနားပေးလိုက်ဦးမည်။!
သေချာသည်ကတော့ QianHuaတစ်ယောက် Han Ge၏ နက်နဲသော အပြုံး၏နောက်ကွယ်မှ လှည့်ကွက်တို့ကိုတော့ သတိမထားမိခဲ့ပေ။ သူမက ဒုတိယတစ်ကြိမ်ပင် ထပ်မံမစဉ်းစားတော့ပဲ သရဲဘုံသို့လိုက်သွားလေတော့သည်။
*****************************************************************သရဲဘုံတွင် ကောင်းကင်ဘုံနှင့် တုသောအချက်တစ်ချက်မှ မရှိပေ။ QianHua ကောင်းကင်ဘုံသို့ တစ်ခါမှ မရောက်ဖူးသော်လည်း ထိုနေရာနှင့်ပတ်သတ်သော ပုံရိပ်တစ်ချို့က သူမခေါင်းထဲတွင် ရှိနေခဲ့သည်။ ကောင်းကင်ဘုံတွင် တံခါးဝလေးခုရှိသည်။ အရှေ့တံခါး တောင်တံခါး အနောက်တံခါးနှင့် မြေက်တံခါးတို့ဖြစ်သည်။ တောင်တံခါးမှာ အားလုံးထဲတွင် အလှပဆုံးဖြစ်သည်။ ကျယ်ပြန့်ရှည်လျားသော ကျောက်စိမ်းလှေကားထစ်များကိုေ၇ွှမှုန်လေးများဖြင့် တစ်ဖက်တစ်ချက်မှ စီချယ်ထားသည်။ လှေကားများ၏အဆုံးတစ်ဖက်တွင် အမှောင်ပွဲကြည့်စင်ရှိပြီး မေ့လျော့ခြင်းမြစ်သို့ ဆက်သွယ်ထားသည်။ ပွဲကြည့်စင်မှာ တစ်နှစ်ပတ်လုံးနှင်းများဖြင့်ဖုံးလွှမ်းနေပြီး အပူဆုံးရာသီတွင်ပင် အရည်မပျော်နိုင်ပေ။...
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...