Chapter 5 ရှင့်အလှည့်ရောက်ပြီ(ရှင့်အလှည့်ရောက်ပြီ)

2.3K 326 2
                                    

Zawgyi
Qianhua၏ မွေးစားဖခင်မှာ သူမနှင့် အတူနေသည့်ရက်က နည်းသည့်အပြင် သူမအကြောင်းကိုလည်း သိပ်ပြီး မေးလေ့မေးထမရှိပေ။ ထို့ကြောင့် သရဲမင်းသမီးက သူမ၏ သရဲအငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သ၍ သူမ၏ မွေးစားအဖေက သူမမဟုတ်သည်ကို မခွဲခြားနိုင်မည်ကို သူမစိုးရိမ်မိသည်။ အကယ်၍ သရဲမင်းသမီးကသာ သူမမျက်နှာကို သုံးပြီး ရိုင်းပြမှု သို့မဟုတ် မသင့်တော်တာတစ်ခုခုလုပ်ခဲ့လျှင် မွေးစားအဖေ၏ နာမည်ကို ထိခိုက်စေလိမ့်မည်။ ထိုသို့ တွေးလိုက်မိသည်နှင့် QianHuaသရဲဘုံမှ အမြန်ဆုံးလွတ်မြောက်ရန်သာ စဉ်းစားလိုက်တော့သည်။...

သို့သော်လည်း Han Geမှာ ပရိယာယ်များသည့် ဘုရင်တစ်ပါးဖြစ်သည်ကို Qianhuaသိပြီးပြီဖြစ်သည်။

သရဲဘုံ၏တံခါးမှာ  ပိတ်ထားပြီးဖြစ်ပြီး တံခါးဆီသွားသည့် အပြာရောင် ကျောက်လမ်းလေးကို နာကြည်းခြင်းမြစ်ရေများဖြင့် ဖုံးလွှမ်းသွားပြီဖြစ်သည်။ အကယ်၍ သူမသာ သတိမထားမိဘဲ နာကြည့်ခြင်းမြစ်ရေနှင့် ထိမိလိုက်လျှင် သူမ ဖြူကောင်အဖြစ်သို့ ချက်ချင်းပြန်ပြောင်းသွားမည်ဖြစ်ပြီး ဆူးများတောင် ကျွတ်ထွက်သွားမည်ဖြစ်သည်။

Qian Hua စိတ်ဓာတ်ကျသွားပြီး အမှောင်ထဲတွင် အော်ငိုချင်သွားသည်။ သူမသက်ပြင်းတစ်ချက်ကို လေးလံစွာချလိုက်ပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။
"မင်းမှာ ရွေးစရာမရှိတော့ဘူး။ အခန်းကို ပြန်ပြီး အိပ်ဖို့ပဲ ကြိုးစားသင့်တယ်။ " သူမ နည်းလမ်းတစ်ခုမရှာနိုင်သေးခင်မှာပင် YanSiက သူမနောက်သို့ရောက်လာသည်။

  
"ရှင်ပြောတဲ့အတိုင်းဆို ကျွန်မက ရှင်တို့ရဲ့ သရဲဘုရင်နဲ့ မင်းသမီးက ကျွန်မကို အသုံးချတာကို ဒီအတိုင်းငြိမ်ခံနေလိုက်ရမယ်ပေါ့။?" Qianhuaဒေါသထွက်သွားသည်။ " ဟုတ်ပါတယ် ကျွန်မက ဖြူကောင်လေးတစ်ကောင်ပါ။ ဒါပေမဲ့ ကျွန်မက အခု နေနတ်သားရဲ့သမီးဆိုရင်လည်း ဟုတ်တယ် ဒါကြောင့် ရှင်တို့ သရဲတစ်စုက ကျွန်မကို အသုံးချပြီး အမြတ်ထုတ်မှာကိုတော့ ကျွန်မ ခွင့်မပြုနိုင်ဘူး။! သူတို့ကသာ ကောင်းကင်ဘုံမှာ ပွဲတက်ဖို့ ကျွန်မရဲ့ မွေးစားအဖေကို ငှားချင်ရင် ကျွန်မကို တိုက်ရိုက်ပြောသင့်တယ်။ ကျွန်မကလည်း စဉ်းစားပေးမှာ! ဒါပေမဲ့ သူတို့က လိမ်တယ်။! ပြီးတော့ ကျွန်မကို ပြန်ပေးဆွဲတယ်။! ရှင်တို့ သရဲတွေ ဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်ရတာလဲ။?!"

The Robber Demon King and The Hedgehog BrideWhere stories live. Discover now