Chapter 17 အချစ်ပုံပြင်ဟောင်းလေး (အချစ်ပုံပြင်ဟောင်းလေး)

1.6K 222 2
                                    

Zawgyi
Qianhua ခန့်မှန်းထားသလိုပင်  HuangfuYaruoက မငြင်းဆန်ပေ။ သူမက မေးသည်။ "မင်းကောင်းကင်မင်းကြီး၊ မကောင်းဆိုးဝါးဘုရင်နဲ့ ပန်းနတ်ဘုရားမတို့ ဇာတ်လမ်းကို ကြားဖူးလား။?"

"ဒါက နာမည်ကြီး အချစ်ဇာတ်လမ်းပဲကို.... ကြားဖူးတာပေါ့။ ဒါပေမဲ့ ဘာဖြစ်ခဲ့တာလဲတော့ ကျွန်မအသေအချာမသိဘူး။."

"ဒီဇာတ်လမ်းလေးက အချစ်နဲ့စခဲ့တာပဲ ဒါပေမဲ့နောက်ဆုံးတော့ အမုန်းနဲ့ပဲ အဆုံးသတ်ခဲ့တယ်။"

"ဘာလို့လဲ?"
  
"ကောင်းကင်မင်းကြီးနဲ့ ပန်းနတ်ဘုရားမတို့က အပြန်အလှန် ချစ်ခင်စုံမက်ခဲ့ကြပြီးနောက်ဆုံးတော့ စေ့စပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ မင်္ဂလာ မဆောင်ခင်လေးမှာပဲ စစ်ပွဲအကြီးအကျယ်ဖြစ်ခဲ့ကြတယ်။ ကောင်းကင်ဘုံက အကြီးအကျယ်ရှုံးနိမ့်သွားပြီး ကောင်းကင်မင်းကြီးက ပန်းနတ်ဘုရားမကို ဓားစာခံအဖြစ် မကောင်းဆိုးဝါးနယ်မြေကိုပို့ခဲ့ရတယ်။ သူမက အဲ့နေရာမှာ စော်ကားမှုတွေအများကြီး ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတော့ သေမင်းတမာန် ပွဲကြည့်စင်ကနေ ခုန်ချသွားခဲ့တယ်။ သူမရဲ့ ရုပ်ခန္ဓာက ကြွေလွင့်သွားပြီး သူမဝိဥာဉ်ကည်း ဘယ်တော့မှ ပြန်မဝင်စားနိုင်တော့ဘူး။"

"ဘာလို့လဲ....ဘာဖြစ်လို့ ယောက်ျားတွေက သူတို့ စစ်ရှုံးတာကို မိန်းမတွေကို အကျဉ်းကျစေရတာလဲ။ ?” Qianhua မကျေမနပ်ဖြစ်သွားရသည်။ သူမစိတ်ထဲမှ Mo YunYe၏ သန့်စင်သောပုံရိပ်မှာလည်း ပျောက်ကွယ်သွားရသည်။.
  
"ကောင်းကင်မင်းကြီးမှာ သူ့အကြောင်းနဲ့သူရှိမယ်လို့ငါ ယုံတယ်။ ဒါပေမဲ့ နှစ်ပေါင်းတစ်ထောင်ကြာတဲ့တိုင်အောင် လူတစ်ချို့က သူ့ကို ခွင့်မလွှတ်နိုင်ကြသေးဘူး။ သူ့အတွေးတွေကို ငါနားမလည်ပေမဲ့ အဲ့ဒီ့အချိန်မှာ သူဘယ်လောက်တောင်ကူကယ်ရာမဲ့ဖြစ်နေမလဲကိုတော့ ငါခံစားမိတယ်။" HuangfuYaruoက ပိတ်ဖြူကို အသာအယာပြန်ဖုံးလိုက်ပြီး  "သနားစရာ LuoQian...သူ့ဝိဉာဉ်အစိတ်အပိုင်းတွေ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး။."

"မိစ္ဆာ… မိစ္ဆာဘုရင်ကလည်း အရမ်းရက်စက်တာပဲ။! ဘယ်လိုဘုရင်တစ်ပါးက ဒီလောက်ချစ်စရာကောင်းတဲ့ ဓားစားခံမိန်းကလေးကို ရက်စက်ရက်ရတာလဲ။ ?!" ကောင်းကင်မင်းကြီးတွင် အပြစ်ရှိကြောင်း မည်သူကမှ လက်ဆုပ်လက်ကိုင်မပြနိုင်မှတော့ မိစ္ဆာဘုရင်၏ အသည်းမာမှုကိုသာ QianHuaအပြစ်တင်တော့သည်။ 
  
"LuoQian မိစ္ဆာာနယ်မြေမှာ ဘာဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သတ်ပြီး အငြင်းပွားစရာတွေအများကြီးရှိသေးတယ်။ သူမသေဆုံးပြီးနောက်ပိုင်း ကောင်းကင်ဘုံနဲ့ မိစ္ဆာနယ်မြေတို့က နှစ်တစ်ထောင်လောက် အတိုက်အခိုက်ရပ်စဲခဲ့ကြတယ်"

The Robber Demon King and The Hedgehog BrideWhere stories live. Discover now