Chapter 18 ကျွန်မအပေါ်ကို ကောင်းရမယ် (ကျွန်မအပေါ်ကိုကောင်းရမယ်)

1.3K 167 0
                                    


Zawgyi
Qianhua သူမကိုယ်သူမ စိတ်ငြိမ်အောင် ကြိုးစားထိန်းလိုက်ပြီး မှ ပြန်ပြောလိုက်သည်။ "ကျွန်မက ဘာမှတော့ မဟုတ်ပါဘူး.။ ဒါပေမဲ့ ကျွန်မဘဝတိုးတက်ဖို့အတွက် ကျွန်မမျိုးဆက်ရဲ့ အိမ်ထောင်ရေးကို အသုံးမချဘူး။"

Qianhua ဆိုသည်မှာလည်း အမှန်တကယ်ကို ဆတ်ဆတ်ထိမခံသော အဆိပ်ပြင်းသည့် ဖြူကောင်လေးတစ်ကောင်ဖြစ်သည်။
   
သို့သော် လနတ်ဘုရားမသည်လည်း အငြှိုးကြီးသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ကို တော့ QianHuaမေ့သွားသည်။ သူမမျက်လုံးများက နီရဲလာပြီး အကြည့်များလည်း စူးရှလာသည်. သူမက QianHuaကို သတ်ချင်ဖြတ်ချင်စိတ် အပြည့်ပါသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်သည့် ဖိအားများဖြင့် ပြည့်နှက်လာသည်ကို QianHua ရုတ်တရက် သတိထားမိလိုက်သည်။ သူမနံရိုးများက သူမနှလုံးသားရှိရာဘက်သို့ ကွေးလာပြီး သူမသွေးကြောများပေါက်ထွက်မတတ် ခံစားနေရသည်။ သူမအသက်ရှုမဝလွန်းသောကြောင့် မြေပေါ်သို့ တဖြည်းဖြည်းချင်းဖြင့် လဲကျသွားသည်။ သူမမူလအသွင်သို့ ပြန်ရောက်သွားတော့မည်ထင်သည်။

အမှန်တကယ်တော့ လနတ်ဘုရားမက ရက်စက်လှသော ဂါထာကို သုံးကာ ဤရိုင်းစိုင်းသော နတ်သူငယ်လေးကို နှိပ်စက်ရန်လုပ်လိုက်ခြင်းသာဖြစ်သည်။ WangfuYaruo လနတ်သမီးကို တားမြစ်ရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သော်လည်း လက်တစ်ချက်အဝှေ့မှာပင် သူမလည်း အဝေးသို့ လွင့်စင်သွားရသည်။

   
Qianhuaမှာ ဤကြမ်းတမ်းလှသော ဂါထာကို တောင့်ခံနိုင်ရန် အားနည်းလွန်းနေပြီး သူမအသက်ရှင်နိုင်ရန် ဝိဥာဉ်ခွဲထုတ်ခြင်းဂါထာကို သုံးမှသာ ဖြစ်တော့မည်ဖြစ်သည်။ အကယ်၍သူမသာ သူမ၏ ဖြူကောင်ရုပ်ခန္ဓာနှင့် လနတ်သမီးကို လှည့်စားနိုင်လိုက်လျှင် သူမဝိဥာဉ်က လွတ်မြောက်နိုင်ပြီး တစ်နေရာရာတွင် ပြန်လည်ဝင်စားနိုင်ပေလိမ့်မည်။ ...

Qianhuaသူမ ဝိဥာဉ်နှင့် ခန္ဓာကိုယ်ကို ခွဲထွက်ရန်ပြင်လိုက်ချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုက သူမကို ဤကြောက်စရာ ဂါထာထံမှ ကာကွယ်ပေးလာသည်။ "လနတ်ဘုရားမ.. ကျေးဇူးပြုပြီး သသက်ညှာပေးပါ။" MoYunye၏ စကားက ယဉ်ကျေးသော်လည်း လေသံကတော့ အေးစက်နေသည်။

The Robber Demon King and The Hedgehog BrideWhere stories live. Discover now