Chapter 22 သရဲဘုရင်နှင့်နတ်မိမယ်လေး(သရဲဘုရင်နှင့်နတ်မိမယ်လေး)

889 95 8
                                    

(Zawgyi)

HanGe ခဏတော့ကြက်သေသေသွားသော်လည်း သူက ပြုံးလိုက်သည်။ "မင်းကတော့ အမြဲကို ပွစိပွစိပြောနေတော့တာပဲ။ သုံးလောကမှာ ငါ့ကိုဘယ်သူမှ အနိုင်မယူနိုင်ပါဘူး။ MoYunYeက အမြဲတမ်း အပြုံးတုကြီးနဲ့ သူ့ခံစားချက်တွေကို ဖုံးကွယ်ထားပြီး NanLiyueက ရေခဲရုပ်ထုကြီးလိုနေနေပေမဲ့ နှစ်ယောက်လုံးက ငါ့အပေါ်ကောင်းကြပါတယ်။ တခြားသူတွေ သူတို့နဲ့ အဆင်ပြေအောင်နေဖို့ ခက်ရင်ခက်လိမ့်မယ်။ ငါ့အတွက်တော့ မခက်ခဲ့ဘူး။ တကယ်လို့ ငါသာ အကျိုးအကြောင်း သင့်သင့်တောင်းဆိုရင် သူတို့နှစ်ယောက်လုံးငြင်းမှာ မဟုတ်ဘူး။"

QianHua မျက်ဖြူဆိုက်သွားသည်။ ကြည့်ရသည်မှာ အကျိုးအကြောင်းသင့်သောတောင်းဆိုချက်ဆိုသည့်စကားကို သူအဓိပ္ပာယ်ကောက်လွဲနေသလိုပင်။....

သူမကို သူ့အစီအစဉ်ထဲတွင် ဆွဲမထည့်ရန် မပြောရသေးခင်မှာပင် HanGeက စကားစလာသည်။ "Hua Huaငါ့ကို အမျိုးသမီးတွေအကြိုက်နဲ့ ပတ်သတ်ပြီး နည်းနည်းလောက် အကြံပေးစမ်းပါ။ ငါ Yixueကို ပစ္စည်းကောင်းကောင်းသုံးပြီး ချဉ်းကပ်ဖို့လိုတယ်။ ပြီးတော့ ငါအဝတ်အစားကောင်းကောင်းဝတ်ပြီး ဆံပင်လည်း သေချာဖြီးသွားရမယ်။ သူမမျက်လုံးထဲမှာ ငါက ကြည့်အကောင်းဆုံးဖြစ်နေစေရမယ်။"

"ရှင် သူမကို ပန်းတွေပို့ပေးတယ်ဆို။ သူမနဲ့ မတွေ့ခဲ့ရဘူးလား။" ဤသရဲကောင်ဆီမှ ထွက်မသွားသေးခင် QianHuaနည်းနည်းတော့ စပ်စုလိုက်သေးသည်။

HanGeက မျက်မှောင်အနည်းငယ်ကုပ်ပြီး အသံတိုးတိုးဖြင့်ပြောသည်။ "ငါ လနတ်နတ်နန်းဆောင်ကို ခိုးဝင်ပြီး အလှလေးဆီသွားသေးတယ်။ ဖြစ်ချင်တော့ သူမမရှိဘူး။ ဒါကြောင့် ငါပန်းစည်းကို တံခါးဝမှာတင်ထားခဲ့တာ။"

"ကံမကောင်းလိုက်တာ"

"အဲ့ဒီလိုမပြောစမ်းပါနဲ့။ ငါသူများသနားတာမလိုချင်ဘူး။ ပြီးတော့ ငါလက်လျှော့မှာလည်းမဟုတ်လို့။"

"ကျွန်မရှင့်ကို ကူညီပါ့မယ်။!" QianHuaပြောသာ ပြောလိုက်သော်လည်း သူမသူ့စကားကိုတော့ အပြည့်အဝမယုံကြည်သေးပေ။

"တကယ်လား။?"

"တကယ်ပါ။ ဒါပေမဲ့ အခြေအနေတချို့တော့ရှိတယ်။"

The Robber Demon King and The Hedgehog BrideWhere stories live. Discover now