Chapter 14 ဖြူကောင်လေးကို လိုချင်သော ကောင်းကင်မင်းကြီး

2.6K 331 12
                                    

Zawgyi
နေနတ်သားက ကောင်းကင်မင်းကြီးနှင့် ဥယျာဉ်ထဲတွင် ပြောခဲ့သည့်စကားများကို ပြန်စဉ်းစားမိလိုက်သည်။ ထိုနေရာတွင် ဘာတွေဖြစ်ခဲ့လဲကို သူ့သမီးလေးကတော့ တွေးတောင်တွေးမိမှာမဟုတ်ပေ။: MoYunyeက အတည်အတန့်မေးခွန်းများဖြင့်စတင်ကာ ဖော်ရွေစွာဧည့်ခံခဲ့သော်လည်း နောက်ဆုံးတော့ စိတ်လွတ်သွားပြီး အော်ဟစ်နေခဲ့သည်။ သူက ကမူးရှူးထိုးဖြင့် QianHuaအကြောင်းကို ဖော်ထုတ်ရန် ကြိုးစားနေခဲ့သည်။ သူက အလောတကြီးဖြစ်နေပြီး စိတ်အားထက်သန်မှု အပြည့်ဖြစ်နေခဲ့သည်။ သူ့မျက်နှာတွင် နာကျင်မှုနှင့် ကြေကွဲမှုများ ရောယှက်နေခဲ့သည်။. 

သို့သော်လည်းနေနတ်သားက လှျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားရန်သာ ဆုံးဖြတ်လိုက်ပြီး အကြောက်အကန်ငြင်းနေခဲ့သည်။ Mo YunYeလည်း ရွေးချယ်စရာ မရှိတော့သဖြင့် သူ၏ သံသယများနှင့် မသေချာမှုများရှင်းလင်းသွားသည့်အထိ Qianhuaကို သူ့နားတွင် ခေါ်ထားရန် အကြံပေးလိုက်သည်။ နေနတ်သားက သူ့အကြံကို လက်ခံလိုက်သည်။ ဤနည်းလမ်းကပဲ အတိတ်က YunYe၏ နောင်တများကို ဤဘဝတွင် သူပြန်လည်ဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်သည်။
တကယ်တော့ ဒါက ပြီးခဲ့သော ပုံပြင်တစ်ပုံလည်း ဖြစ်နေသည်ကိုး။

Qianhua ကတော့ သူမ၏ ကောင်းကင်ဘုံတွင်နေနိုင်မည့် အခွင့်အရေးအတွက် အပျော်လွန်နေခဲ့သည်။ သူမခါးပေါ်မှ ဆူးလေးကလည်း အတူတူပင်ဖြစ်သည်။ သူမက QianHua၏ ခါးစည်းကြိုးကို တင်းကြပ်စွာကပ်ထားသည်။ သူမ၏ ချစ်လှစွာသော ကောင်းကင်မင်းကြီးအတွက် ဤနေရာတွင်QianHuaနှသ့်အတူနေခွင့်ရရန်မျှော်လင့်နေခဲ့သည်။

Qianhua က သူမ၏တောင်းဆိုချက်လေးကို ဖြည့်စည်းပေးရန်စီစဉ်ခဲ့သော်လည်း ကံမကောင်းစွာပင် ထိုအစီအစဉ်က ကောင်းကင်မင်းကြီးထံမှ တာ့းမြစ်ခြင်းခံလိုက်ရသည်။
   
   *****************************************************************
  
"အသားလုံးလေးက သရဲဘုံကိုပဲပြန်ရမယ်၊။." ညပိုင်းတွင် MoYunYe၏ အိပ်ဆောင်ဖြစ်သော YunQiခန်းမထဲတွင် အစေခံအားလုံးမှာ မင်းကြီး၏ အမိန့်အရ အားလုံးအပြင်ထွက်သွားကြရသည်။ Qianhuaနှင့် HanYingသာ  MoYunyeအနားတွင် ကျန်ခဲ့ကြသည်။

The Robber Demon King and The Hedgehog BrideWhere stories live. Discover now