Zawgyi
Qianhuaက တကယ်ကို လူမိုက်ဆန်ဆန်မေးခွန်မေးလိုက်တာပဲ။ HanGeက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူ့အစားဖြေပေးလိုက်သည်။ "WuYi က မြွေလေ။"ဟမ်! သူက မြွေတစ်ကောင်ကနေဖြစ်လာတာလား။ QianHuaကတော့ မြွေတစ်ကောင်သည် ဖြူတစ်ကောင်ထက်ပိုကောင်းသည်ဟု မတွေးမိပေ။! ထို့ကြောင့် သူမ WuYiကို စာနာသော မျက်ဝန်းများဖြင့်ပြန်ကြည့်လိုက်သည်။
HanGe တွေးထားသလိုပင် WuYiက ဝိုင်ယူရန်လာခြင်းဖြစ်သည်။ ဤတစ်ကြိမ်တော့ သူက ဝိုင်သုံးပုလင်းယူသွားသည်။
WuYiက ထွက်မသွားမီ QianHuaကို ဝေခွဲမ၇သော မျက်ဝန်းများဖြင့် ကြည့်သွားသေးသည်။
HanGeက ဤအခြေအနေကို ပြန်ရှင်းပြနေသေးသည်။ "အဟမ်း! ကိုယ်က ဝိုင်သုံးပုလင်းကို မကောင်းဆိုးဝါးနန်းတော်က လက်နက်လေးခုနဲ့ အလဲအလှယ်လုပ်လိုက်တာပါ။ သူတို့ကိုယ့်အပေါ်အမြတ်မထုတ်ရဲပါဘူးကွာ။ ဒါက အလကားလုပ်နေတာမဟုတ်ဘူး ကိုယ်သူတို့ဆီကနေအကြွေးပြန်ရမှာပဲ။!"
Qianhua ထိုစကားကိုကြားသောအခါ ပြောလိုက်သည်။ "ကျွန်မက ရှင့်အပိုင်မဟုတ်ဘူး။ တကယ်လို့ သူက ကျွန်မကို စိတ်ဝင်စားနေတယ်ဆိုရင်တော့ ရှင်သူ့ဆီက ရစရာရှိတာတွေက ကျွန်မအပိုင်ပဲ။!""Huahua မင်းပြောချင်တာက ကိုယ်က မင်းအကြံပေးတာကို လက်ခံသင့်တယ်ပေါ! ဒါပေမဲ့ ကိုယ်ဒါကို သေသေချာချာစဉ်းစားဖို့လိုသေးတယ်။!" HanGeက မောက်မာလှသော အမျိုးသမီးကို အကြပ်ကိုင်ရန်ကြိုးပန်းလိုက်သည်။
"ရှင့်ကိုယ်ထဲမှာရှိနေသေးတဲ့ အဆိပ်ကိုလည်း သတိရဦးလေ။ တော်ကြာနေ အနီစက်တွေပြည့်နေတဲ့ လက်ဖဝါးနဲ့တစ်သက်လုံးနေနေရဦးမယ်။" Qianhua ကလည်း သူ့ကို ချက်ချင်းပြန်ခြိမ်းခြောက်လိုက်သည်။
ထို့ကြောင့်နောက်တစ်နေ့နေမဝင်မီအချိန်တွင် သရဲဘုရင်က သရဲရှစ်ကောင် ထမ်းသော ဝေါယာဉ်ဖြင့် QianHua နှင့် Han Yingတို့အား နန်းတော်အပြင်သို့ ပို့ဆောင်စေသည်။
ထိုသရဲမောင်နှမနှစ်ယောက်မှာ မထွက်ခွာခင်အထိ တစ်သက်လုံးပြန်မတွေ့ရတော့မည့်အတိုင်း တစ်ယောက်လက်ကိုတစ်ယောက်ဆုတ်ကိုင်ကာ မျက်ရည်များဖြင့်နှုတ်ဆက်နေကြသေးသည်။
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...