Chapter 4 သကာရည်ဆမ်းထားသော ထောင်ချောက်(သကာရည်ဆမ်းထားသောထောင်ချောက်)

2.5K 341 5
                                    

Zawgyi
QianHuaအား ရွှံ့လုံးလေးဟု အထင်မှားခဲ့သော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့်သရဲက နောက်ဆုံးတော့ သူမမှာ သနားစရာ ဖြူကောင်လေးသာဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူက အလျင်အမြန်ပင်Qian Huaကို Huan Lan Shaနှင့် Hun Muလက်ထဲမှကယ်လိုက်သည်. သူက ဖြူကောင်လေး အသက်မှရှိသေးရဲ့လားဟု အလောတကြီးစစ်ဆေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် Han Geကို ပေးလိုက်သည်။

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးတို့ဘုံမှာ သရဲအသစ်တစ်ယောက်တိုးလာပါပြီ။"

"ဖူးး.."

HanGeသောက်လက်စ စံပါယ်လက်ဖက်ရည်ကြမ်းကိုပင် ထွေးထုတ်မိလိုက်သည်။

"မင်းကြီး အရမ်းစိတ်လှုပ်ရှားသွားတာလား။?" ထိုသရဲမှာ ရုပ်ရည်ချောမောသော်လည်း ဉာဏ်တော့ကောင်းပုံမရပေ။ ကောလဟာလများအရ သူက ကောင်းကင်ဘုံစာကြည့်ဆောင်မှ အကြီးအကဲတစ်ဦးဖြစ်ခဲ့ပြီး Yan Siဟု အမည်ရသည် ။ သူက အမှားတစ်ခုကျူးလွန်ခဲ့ပြီး မိုးကြိုးငါဒချက်ကို ပြစ်ဒဏ်အဖြစ်ခံယူခဲ့ရသည်။ ပြစ်ဒဏ်ခံယူပြီးသောအခါ သူက ပြာအဖြစ်ပြောင်းလဲသွားပြီး တစ်စွန်းတစ်စ ကြွင်းကျန်ခဲ့သော သူ၏ ဝိဉာဉ်က သရဲဘုံသို့ ကျသွားခဲ့သည်။ သရဲဘုရင်က သူ၏ ရိုးသားသော စိတ်ဓာတ်ကို သဘောကျသောကြောင့် သူ၏အနားတွင် ခေါ်ထားခြင်းဖြစ်သည်။

သို့သော်လည်း Yan Si၏ အပြစ်နှင့် ပတ်သတ်၍ အခြားကောလဟာလများလည်း၇ှိသေးသည်။ အချိ့က သူက ကောင်းကင်ဘုံစည်းမျဉ်းများကို စိန်ခေါ်ခဲ့သည်ဟုပြော၍ အချို့ကတော့ သူက တုံးလွန်းသောကြောင့် ကောင်းကင်မင်းကြီးအား စိတ်ဆိုးစေခဲ့သည်ဟု ပြောကြသည်။ သရဲနန်းတော်တွင် ဆယ်မိနစ်ခနှ့်နေပြီးချိန်တွင်တော့ Qian Huaဒုတိယ ကောလဟာလကို လက်ခံလိုက်တော့သည်။

ထိုအချိန်တွင် Han Geက Qian Huaကို ဆွဲပွေ့လိုက်ပြီး ရှိုက်ကြီးတငင်ငိုတော့သည်။

"Hua Hua.. ကိုယ့်ရဲ့ Hua Huaလေး ကိုယ့်ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့ ကိုယ်မင်းမရှိရင် မနေနိုင်ဘူး။..."

ဤသရဲဘုရင်က လူသားတို့၏ ပြဇာတ်ထဲမှ စကားများကိုပင် အလွတ်ရနေသည်။ Qian Huaသူ့ကိုအမြင်ကပ်သွားပြီး မျက်လုံးများဖွင့်ကာပြောလိုက်သည်။

The Robber Demon King and The Hedgehog BrideWhere stories live. Discover now