Zawgyi
HanGeက သူ့သင်ခန်းစာကို ရှင်းပြပြီး တစ်စက္ကန့်အတွင်းမှာပင် သူ့သင်တန်းသားလေးအား လက်တွေ့ပြမည်ဟု QianHuaမထင်မှတ်ထားခဲ့ပေ။ အခုတော့ သူမတစ်ကိုယ်လုံး အထိန်းအကွပ်မဲ့သွားပြီး သူမလက်များက လေထဲတွင် အရူးပမာဝှေ့ယမ်းနေကြသည်။ သူမပုံစံက မီးရောင်အောင်တွင်ကနေသော အရူးမတစ်ယောက်နှင့် တူနေလောက်သည်။"ရပ်တော့... ရပ်တော့.... အခုရပ်လိုက်တော့...!" သူမ တတ်နိုင်သလောက် ဟစ်အော်ခြင်း၊ တောင်းပန်ခြင်း ခြိမ်းခြောက်ခြင်း အားလုံးကိုသုံးပြီး HanGeအားဤ ဟာသပြကွက်ကို ရပ်ပေးရန် ကြိုးစားနေသည်။
"မင်းအခုထိနားမလည်သေးဘူးလား။?" HanGe သူမကိုကြည့်ပြီး ရီနေလိုက်သည်။
"ကျွန်မ.. ကျွန်မနားလည်သွားပြီ။" QianHua လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။
"ဒါဆို ငါYiXueကို သရဲဘုံမှာ ခေါ်ပြီး ဖမ်းထားဖို့ မင်းငါ့ကို ကူညီတော့မယ်မဟုတ်လား။ ?"
"ဖမ်း.... ဖမ်းထားမယ်။"
"ဟုတ်တယ် ငါမှသူ့ကို တကယ်မကြိုက်တာ။ အဲ့ဒီ့တော့ သူမကိုတော့ မင်းရဲ့သရဲဘုရင်မနေရာကို မပေးနိုင်ဘူးလေ။"
"ရပါတယ်။ ကျွန်မစိတ်မဆိုးဘူး။ ကျွန်မလည်း လိုချင်တာမှမဟုတ်တာ။ သူမကိုပဲ ပေးလိုက်ပါ။"
"မရဘူး။ မင်းမငြင်းရဘူး။ မင်းစိတ်ဆိုးရမယ်။ မင်းသဝန်တိုရမယ်လေ။!"
"ဟုတ်ပြီ။ ကျွန်မ စိတ်တိုမယ်။ ကျွန်မသဝန်တိုမယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါတော့။!"
HanGe စိတ်ကျေနပ်စွာပြုံးလိုက်ပြီး ဂါထာကိုရပ်ပေးလိုက်သည်။ QianHuaအခုမှ သူမကိုယ်ထဲရှိ နွေးထွေးသော သွေးများစီးဆင်းမှုကို ပြန်လည်ခံစားမိပြီး သူမခြေလက်များလည်း ပျော့ပြောင်းသွားတော့သည်။ အကယ်၍သူမသာ ဤသရဲဘုရင်ထက် အားနည်းမနေလျှင် သူမလတ်လတ်ဆတ်ဆတ် သင်ယူလိုက်ရသော ပညာကိုသုံးကာ သူ့ကို ခြေကုန်လက်ပန်းကျသည်အထိ ကခုန်နေစေမည်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
စာကလေးကတ္တီပါအနွေးထည်မှာ QianHua၏ ပထမဆုံး ဆိုးဝါးသည့် လက်ဆောင်ပေးရန် အကြံအစည်ဖြစ်သည်။
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...