Chapter16 ပန်းနတ်ဘုရားမ Luo Qian (ပန်းနတ်ဘုရားမ Luo Qian)

1.4K 207 0
                                    

Zawgyi
QainHua၏ နတ်စွမ်းအားမှာ ဤနေရာတွင် ဂါထာများကို အသက်သွင်းရန် အလွန်အားနည်းနေပုံပင်။ သူမဂါထာကြောင့်ပေါ်လာသည့်ပန်းများမှာ မပွင့်နိုင်သေးခင်မှာပင် မီးခိုးရောင် ပြောင်းသွားကြသည်။ သူမ အရှေ့ဘက်တောင်တွင် စိုက်ပျိုးခဲ့သော အစေ့များပင် အလုပ်မဖြစ်ချေ။ သူမဂါထာကို တစ်ကြိမ်ပြန်ရွတ်လေ ကိုယ့်ကိုယ်ကို ယုံကြည့်မှု လျော့နည်းလာလေဖြစ်သည်။ သူမကောင်းကင်ဘုံတွင် လုပ်နိုင်သောအရာတစ်ခုမှမရှိတော့သလိုပင်။

"ဒီမှာ ပန်းတွေ အပင်တွေစိတ်ပျိုးနိုင်ဖို့က မဖြစ်နိုင်တဲ့အရာပါ။."

QianHuaစိတ်ပျက်သွားချိန်မှာပင် ချိုသာသော အသံတစ်သံက သူမကို နှစ်သိမ့်ပေးလာလေသည်။ QianHuaလှည့်ကြည့်လိုက်သောအခါ တိမ်များပေါ်ထိုင်နေသော နတ်သမီးတစ်ပါးကို တွေ့လိုက်ရသည်။ သူမက ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော်လည်း ကျက်သရေရှိလှသည်။ သူမက ဆံပင်များကို ခေါင်းထိပ်တွင် စုထုံးထားသည်။ သူမက QianHuaကို ရင်းရင်းနှီးနှီးပြုံးပြလိုက်သည်။ ပန်းဖူးများ တစ်ဖူးပြီးတစ်ဖူး ညှိုးနွမ်းသွားသည်ကို မြင်လိုက်ရသော ကြောင့် သူမကို သနားသွားပုံပင်။    

"နတ်သမီးက ဘယ်သူလဲဆိုတာ ကျွန်မမေးလို့မလား။…?" တရားနည်းလမ်းကျကျပြောရလျှင် QianHuaက ပန်းနတ်သမီးတစ်ပါးမဟုတ်ပေ။ ကောင်းကင်ဘုံတွင်တွေသမျှ မသေမျိုးအားလုံးက သူမထက် အဆင့်အတန်းမြင့်မားကြပေမည်။ ထို့ကြောင့် သူမကိုယ်သူမ နှိမ့်ချပြီး ယဉ်ယဉ်ကျေးရှိရမည်ဟု ခံစားမိလိုက်သည်။
   
"မိုးနတ်ဘုရားမ Huangfu Yaruoပါ." သူမက ပြန်ဖြေသည်။

"LuoQianhua မိုးနတ်ဘုရားမကိုတွေ့ရတာ ဂုဏ်ယူမိပါတယ်။ QianHuaပ ဖြူကောင်ငယ်လေးပါ နတ်သမီးလည်းမဖြစ်သေးတာမလို့ နတ်ဘုရားမ ကျွန်မကို QianHuaလို့ခေါ်လို့ရပါတယ်။"

"မင်းက ပွင့်လင်းတာပဲ"

Qianhua က ပြုံးလိုက်ပြီး ထိုစကားကို ချီးကျူးစကားအဖြစ်မှတ်ယူလိုက်သည်။ ထို့နောက်သူမက ပွင့်ပွင့်လင်းလင်းသာမေးလိုက်သည်။ "နတ်ဘုရား ခုနက ပြောလိုက်တာကကောင်းကင်ဘုံမှာ ပန်းနဲ့ အပင်တွေစိုက်ဖို့က အရမ်းကို ခက်ခဲတယ်ဆို။?"
   
"ကောင်းကင်ဘုံမှာ အပင်စိုက်ရတာမခက်ခဲပါဘူး။မိုးနတ်ဘုရားမက သူမစကားပို အမှန်ပြင်ပေးလိုက်သည်။ "ဒာပေမဲ့ ဘယ်သူကမှတော့ အိမ်မက်ဥယျာဉ်မှာ အပင်မစိုက်နိုင်ဘူး။ ကောင်းကင်မင်းကြီးတောင်မရဘူး။"

The Robber Demon King and The Hedgehog BrideWhere stories live. Discover now