Zawgyi
နည်းနည်းလောက်စကားပြောလိုက်သည်နှင့် သူမရှေ့ကသူမှာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသွားပြန်ပြီ။ QianHuaသူမနှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း တစ်ချက်ပြုံးလိုက်သည်။ "ဒါဆို ကျွန်မအဖေအတွက် ဝိုင်နှစ်ပုလင်းလောက်သယ်သွားလို့ ရမလား။?""ငါကြားဖူးတာကတော့ နေနတ်သားက အရက်မသောက်တတ်ဘူးလားလို့။" သူမလိမ်လိုက်သည်ကို HanGeက မိသွားသည်။
Qianhua အရယ်ရပ်ကာ မေးလိုက်သည်။ "ရှင်ဘယ်လိုလုပ်သိတာလဲ။?"
HanGeရယ်လိုက်ပြီး "HanYingနဲ့ငါ မင်းတို့နှစ်ယောက်ကို စောင့်ကြည့်နေတာတော်တော်ကြာပြီလေ။ ဒီလိုမှမဟုတ်ရင် ငါဘယ်လိုလုပ်ပြီး သူမကို မင်းအယောင်ဆောင်ပြီး ကောင်းကင်ဘုံကို လွှတ်နိုင်မှာလဲ။?"
သူပြောသည့် HanYingဆိုသည်မှာ သူ့ညီမအမည် ဖြစ်ရမည်။ Qianhua ထို သရဲမင်းသမီးကို စိတ်ထဲမှ ကြိတ်ပြီး မေတ္တာပို့လိုက်သည်။ သို့သော် အပြင်ဘက်တွင်မူ အပြုံး ကြီးကြီးတစ်ခု ပြုံးထားလိုက်ရင်း "အဲ့ဒီ့တော့ ကျွန်မက အသုံးချခံလိုက်ရတာပေါ့။ ရှင်နဲ့ ရှင့်ညီမက ကျွန်မကို ကောင်းကောင်းလှည့်စားလိုက်တာပဲ။ တကယ်လို့ ရှင့်ညီမသာ ကောင်းကင်မိဖုရားကြီးနေရာရခဲ့ရင် ကျွန်မကို ဝိုင်သိုလှောင်ခန်း တစ်ခန်းလုံးကို အကျိုးဆောင်ခအဖြစ်ပေးမလား?"HanGe နှုတ်ခမ်းများကို အသာကိုက်၇င်း သူ့နဖူးအား လက်ချောင်းများဖြင့် အသာအယာတို့ထိနေလိုက်သည်။ သူက ရှက်ရွံ့ဟန်ဖြင့် "ငါက ဝိုင်ပြုလုပ်ရာမှာ ထူးချွန်တယ်ဆိုပေမဲ့ ငါ့ကိုယ်ပိုင် သိုလှောင်ရုံတော့မရှိဘူး။ ဝိုင်သိုလှောင်ခန်းက မကောင်းဆိုးဝါးဘုရင်အတွက် လုပ်ထားတာ။ NanLiYue က တကယ့် အရက်ချိုးပဲ။ သူက နေ့တိုင်းလိုလိုကို သောက်နေတာ ။ ပြီးတော့ ဒီနှစ်ပိုင်းမှာ ပိုပြီးတောင်သောက်လာသေးတယ်။ ငါသူ့ကို ပထမတန်းစားဝိုင်တွေ ပို့တိုင်းလည်း လက်ခံတယ်။ ဒီဝိုင်သိုလှောင်ခန်းက ငါနဲ့ မကောင်းဆိုးဝါးတိုင်းပြည်ကြားက သံတမန်ပဲ။ ဒါကြောင့်မင်း ဒီသရဲတိုင်းပြည်က ဘာကိုမဆိုယူသွားနိုင်တယ် ဝိုင်သိုလှောင်ခန်းကတော့မရဘူး။ အလှလေး...မင်းသိထားရမှာက ဒီမက်မွန်ပန်းဝိုင်တစ်ပုလင်းကတောင် ငါ့အတွက် ခက်ခဲတဲ့ အလဲအလှယ်ဆိုတာပဲ။!"
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...