Zawgyi
"ကောင်းကင်.... ကောင်းကင်မင်းကြီး... ကျွန်မကို မှတ်မိလား?" HanYing စိတ်လှုပ်ရှားစွာဖြင့် QianHuaကို ဘေးသို့ တွန်းဖယ်ကာ Mo Yunyeနားသို့ အတင်းကပ်ကာ မေးလိုက်သည်။MoYunye က နူးညံစွာပြုံးလိုက်ပြီး "အသားလုံးလေးလား? မင်းဘယ်လိုလုပ်ပြီးကောင်းကင်ဘုံကို ရောက်လာတာလဲ။?"
HanYingက "အသားလုံးလေး"ဟူသော အခေါ်အဝေါ်ကြောင့် အနည်းငယ်စိတ်ပျက်သွားပုံပေါ်သည်။ သို့သော် QianHuaကတော့ အရယ်မရပ်နိုင်တော့ပေ။ "ဟားဟား အသားလုံးလေး! ဒါက နင့်ရဲ့နာမည်ပြောင်လား။?"
"ငါ Yingကို နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းက သူမက ကလေးလေးပဲရှိသေးတယ်။ သရဲမင်းကြီးကလည်း သူ့ကိုအစားတွေအရမ်းကျွေးတော့ သူမက အသားလုံးလေးလို့ မျက်နှာလေးက ပြည့်ဖောင်းနေတာ။ " MoYunyeက QianHuaကို ကြင့ကြင်နာနာဖြင့် ရှင်းပြနေသည်။ သူကတကယ်ကို ကြင်နာတတ်ပြီး ဖော်ရွေသော မင်းတစ်ပါးပင်။ သို့သော်လည်း ဤမင်းကြီးက သရဲမလေးတစ်ယောက်ကို မတော်တဆ စိတ်ထိခိုက်စေလိုက်သည်။ထို့ကြောင့် HanYing ငိုမလိုမျက်နှာလေးဖြင့် "တော်ပါတော့ ကျွန်မက အခု အရွယ်ရောက်နေပြီ။ ! ကျွန်မက အခု ပိန်ပိန်သွယ်သွယ်နဲ့ ချောမောတဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီလေ။ ! ကောင်းကင်မင်းကြီးက ဒါတောင်မမြင်နိုင်သေးဘူးလား။?"
MoYunyeက သေသပ်လှပစွာဝတ်ဆင်ထားသော အမျိုးသမီးကို သေသေချာချာကြည့်ပြီး ခါးသက်စွာပြုံးလိုက်သည်။ "မင်းကတစ်ကယ်ကို အရွယ်ရောက်နေပြီပဲ။ ငါသာ မင်းရဲ့ ဝိဥာဉ်စွမ်းအင်ကို မစစ်ဆေးကြည့်မိရင် မင်းက အရင်တုန်းက အသားလုံးလေးမှန်း ငါမှတ်မိမှာမဟုတ်ဘူး။ ဒါပေမဲ့ တခြားဘာကို ငါမြင်ရဦးမှာတုန်း။?"MoYunye က ပြုံးပြီး ဖော်ရွေစွာ စကားပြောနေသော်လည်း သူ့ထံမှ ဝေးကွာနေမှူနှင့် ဂုဏ်သရေကြီးမြတ်မှုတို့ကို QianHuaခံစားမိနေသည်။ သူ၏အသံက ချိုမြိန်နေသော်လည်း သူ၏ စကားလုံးများကတော့ ဆက်ကျင်ဘက်ဖြစ်နေသည်။ သူ၏မျက်လုံးများက ရီဝေတုံ့ဆိုင်းနေသော်လည်း သူ၏အတွေးများက ပြတ်သားရှင်းလင်းလှသည်၊ သူက အရာအားလုံးကို နားလည်သော်လည်း နားမလည်ချင်ယောင်ဆောင်နေသည်။
YunYe၏ လစ်လျူရှုလိုဟန်ကြောင့် HanYing အနည်းငယ်ရှုံးနိမ့်သွညးသလိုခံစားလိုက်ရသည်။ သူမက ရှက်ဝဲဝဲမျက်နှာဖြင့်.း "ကျွန်မ... ကျွန်မ ငယ်ငယ်ကတည်က ရှင်နဲ့ အတူနေချင်ခဲ့တာ ဒါပေမဲ့ ခမည်းတော်က ကျွန်မအစ်ကိုနဲ့ ကျွန်မကို သရဲနန်းတော်မှာပဲ ထိန်းသိမ်းထားပြီး နှစ်ပေါင်းများစွာကျင့်ကြံစေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀၀တုန်းက ကောင်းကင်ဘုံနဲ့ မကောင်ဆိုးဝါးဘုံကြားက စစ်ပွဲကိုတောင် ကျွန်မမသိခဲ့ရဘူး။ ကျွန်မရဲ့ကျင့်ကြံခြင်းတွေပြီးတော့မှ ကျွန်မသိခဲ့ရတာက ရှင်က ရှင့်အချစ်ဆုံးအမျိုးသမီးကို မကောင်းဆိုးဝါးဘုရင် NanLiYueဆီပေးခဲ့ရတယ်ဆိုတာပဲ။ အဲ့ဒီ့အမျိုးသမီးဘယ်လောက်လှတယ်ဆိုတာကို ကျွန်မ မြင်ခွင့်မရှိတော့မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မလည်း သူလောက်လှတယ်ဆိုတာ ကျိန်ရဲပါတယ်။!"
ထိုစကားများကိုကြားလိုက်ရသောအခါ Qianhua၏ကိုယ်လေးမှာ တဆတ်ဆတ်တုန်လာသည်။ MoYunye တစ်ုခုပြောမှဖြစ်တော့မည်။ "Ying... မင်း စည်းကမ်းတွေချိုးဖောက်ပြီး ကောင်းကင်ဘုံကိုရောက်လာတာ အပြစ်ပေးခံရလိမ့်မယ်။ အခုငါ မင်းရဲ့ ငယ်ရွယ်ပြီး မသိနားမည်သေးမှုကိုထောက်ထားပြီး ခွင့်လွှတ်ပေးလိုက်မယ်။ မင်း အခုချက်ချင်း သရဲဘုံကိုပြန်တော့။ " ကောင်းကင်မင်းကြီးက သိသိသာသာပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ .
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...