Zawgyi"မင်း ငါ့ကိုတွေ့ခဲ့တဲ့ ဥယျာဉ်ကိုရင်းနှီးနေသလို ခံစားမိသေးလား။?" MoYunye ဖြည်းညင်းစွာခြေလှမ်းရင်း QianHua အရှေ့တွင်ရပ်လိုက်သည်။သူစကားပြောနေပုံက နူးညံညင်သာနေကာ ခုနက Han Yingကိုစကားပြောနေပုံနှင့် လားလားမျှမဆိုင်ပေ။ သူက သူမအဖြေကို စိတ်လှုပ်ရှားစွာ စောင့်နေသည်။
"သိပ်မသေချာဘူး။ ဒါပေမဲ့ရှင့်ကိုတော့ သိသလိုပဲ။" Qianhua ယဉ်ယဉ်ကျေးကျေးပင်ပြန်ဖြေလိုက်သည်။ MoYunye ပြုံးလိုက်ကာ "ဘယ်လိုလုပ်ပြီးလဲ။ ?"
"ကျွန်မတို့အရင်က တွေ့ဖူးလား?" ဤတစ်ကြိမ်ကတော့ QianHuaဇဝေဇဝါဖြစ်ရသည့် အလှည့်ပင်ဖြစ်သည်။
MoYunyeက သူမကိုစိုက်ကြည့်ရင်း အတန်ကြာအောင် ဆိတ်ဆိတ်နေခဲ့သည်။ သူ၏အရည်လဲ့နေသော မျက်ဝန်းများက ရီဝေနေခဲ့သည်။ သူက သတိလက်လွတ်ဖြင့်လက်ဆန့်ကာ သူမပါးပြင်ကို ထိတွေ့ရန်ကြိုးစားလိုက်သည်၊။ QianHuaသာ မရှောင်လိုက်လျှင် MoYunYe အမှန်ပင် သတိလွန်သွားလောက်သည်။"ငါတို့ မင်းရဲ့အရင်ဘဝမှာ တွေ့ခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။" YunYeအသံက အနည်းငယ်တော့ကြောင်စီစီဖြစ်နေခဲ့သည်။
"ကျွန်မက ဖြူကောင်လေးတစ်ကောင်ပါပဲ။ ကျွန်မရဲ့ အရင်ဘဝက ဘယ်လိုလဲဆိုတာ ကျွန်မမသိဘူး။ ကျွန်မမှာ အရင်ဘဝရှိခဲ့လားဆိုတာတောင် မသေချာဘူး။!" LuoQianhua က သူမမှာ မထင်မရှားဖြူကောင်လေးဖြစ်ကြောင်းကိုသာ သူ့ကို သတိပေးလိုက်သည်။ ဤမင်းကြီးက သူမကို ကရုဏာသက်ပြီး နောင်အခါ ကျင့်ကြံအဆင့်များအတွက် စွမ်းအားအနည်းငယ်ပေးသနားရန်တော့မျှော်လင့်မိပါသည်။
"ဒီလိုဆိုရင်တော့ ပိုကောင်းတာပေါ့။…" MoYunyeမှာ အနည်းငယ်စိတ်သက်သာရာရသွားပုံပင်။ သူမျက်လုံးများက ပြန်လည်တောက်ပလာပြီး။ "ဒီ့တော့ မင်း ကောက်းကင်ဘုံမှာ ဘာအလုပ်လုပ်ချင်လဲ။?""နတ်သူငယ်တစ်ယောက်က ကောင်းကင်ဘုံမှာ ရာထူးတစ်နေရာရနိုင်လား။?" သူမက ဤသန့်စင်မြင့်မြတ်သော နေရာတွင် ရာထူးတစ်နေရာရနိုင်လောက်အောင် ကံကောင်းသည်ဟူသောအတွေးဖြင့် Qian Hua ပျော်ရွှင်သွားသည်။
"စည်းကမ်းတွေအရတော့ မင်းက အဆင့်မမီသေးဘူး။ ဒါပေမဲ့၊..." MoYunye က ရုတ်တရက် ခပ်ညစ်ညစ်ပြုံးလိုက်ပြီး။ "ငါက မင်းအတွက် ဘုရင်တစ်ပါးအနေနဲ့ တစ်ကြိမ်လောက် စည်းကမ်းဖောက်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။?"
ကောင်းကင်မင်းကြီး၏ မျက်နှာသာပေးမှုက Qianhuaကို မူးနောက်နောက်ဖြစ်သွားစေသည်။ သူမအတွေးများက စက္ကန့်ပိုင်းအတွင်း အမှန်တကယ်ဖြစ်လာသောကြောင့် သူမဘဝင်တောင်မြင့်ချင်သွားသည်။ "ကျွန်မ အများကြီးမတောင်းဆိုချင်ပါဘူး။ ပန်းနတ်သမီးတစ်ပါးလောက်ဖြစ်ရရင်ကို လုံလောက်ပါပြီ။!"
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...