"ဟေ့ ! ဟေ့! ရှင်.." Qianhua ကြွေကျသွားသော ပွင့်ဖတ်များထံအပြေးသွားသော်လည်း မမှီတော့ပေ။
"ရှင်ဒီလိုလုပ်မှကို ဖြစ်မှာလား? ကျွန်မပြောနေတာ ရှင့်ညီမအကြောင်းလေ။ ရှင်ဘာလို့ ဒီလိုရက်ရက်စက်စက်နဲ့ ပန်းလေးကို ဖျက်စီးပစ်ရတာလဲ။?"
"ငါ့ညီမကိစ္စက ငါ့ကိစ္စပဲ။ ပြီးတော့ ငါဒီနေ့လာတာ သူမအတွက် တရားမျှတမှုလိုချင်လို့လာတာ။ ဒါပေမဲ့ ဒီပန်းပွင့်ကတော့...." သူ့အသံက ရုတ်တရက်ပျော့ပြောင်းသွားသည်။ "ဒီနေရာက ဘာဖြစ်နေတာလဲတော့မသိဘူး။ ဒါပေမဲ့ ငါအစွမ်းကုန်ကြိုးစားထားတာတောင် ဒီမှာ ပန်းတစ်ပွင့် ဖြစ်အောင် မလုပ်နိုင်ဘူး။"
ပထမတော့ Qianhuaအံ့အားသင့်သွားသော်လည်း နောက်တော့သူမတကယ်ကို စိတ်ပျက်သွားသည်။ ဤတာဝန်က သရဲဘုရင်အတွက်တောင် မဖြစ်နိုင်လျှင် သူမအတွက် ပိုတောင်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့်လည်း Mo YunYe က ရုပ်ထုကို ဖော်ပြရန်ရော နှစ်ငါးရာစာ စွမ်းအားများကိုပါ ရက်ရက်ရောရော ပေးခြင်းဖြစ်လိမ့်မည်။ ကြည့်ရသည်မှာ ဘယ်ကံကောင်းခြင်းမျိုးကမှ ဤဖြူကောင်လေးဆီလာချင်ပုံမရပေ။
ထို့ကြောင့် သူမလက်ထဲက တူရွင်ကိုလွှင့်ပစ်ကာ မြေစာုံများကိုလည်း ကန်ထုတ်လိုက်သည်။ ထို့နောက် ကြာကန်လေးဘေးတွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး သရဲဘုရင်၏ ပြီတီတီအကြည့်ကိုပါ လစ်လျူရှုထားလိုက်သည်။
Han Geမှာ အရိုင်းအစိုင်းသရဲဘုရင်တစ်ယောက်ဖြစ်သော်လည်း တစ်ခါတစ်ရံတော့ ရည်မှန်းချက်ကြီးလှသည်။ "ငါ နတ်မိမယ် Yixueကို လက်ထပ်ပြီး သရဲဘုံကို ခေါ်သွားမယ်။!"
Qianhuaလန့်ပြီး ကြာကန်ထဲပြုတ်ကျမလိုတောင်ဖြစ်သွားသည်။ "ရှင်ဘယ်တုန်းက သူမကို ကြိုက်သွားတာတုန်း?"
"ဟင့်အင်း.... ငါမကြိုက်ပါဘူး။"
"ဒါဆိုဘာလို့သူမကို လက်ထပ်ချင်တာလဲ။?"
"Yixueက ကောင်းကင်ဘုံရဲ့ ဘုရင်မဖြစ်လာမဲ့သူမဟုတ်လား။?"
"ဟုတ်တယ်လေ......" Qianhuaရုတ်တရက် သူ၏ ကလိန်ကကျစ်အကြံကို သဘောပေါက်သွားမိပြီး ကျောရိုးထဲကပင်စိမ့်ချမ်းလာသည်။ "ရှင် က လနတ်ဘုရားမရဲ့သမီးကို လိုချင်တာထက် ကောင်းကင်မင်းကြီးကို တစ်ခြားမိန်းမနဲ့ လက်ထပ်စေချင်တာမဟုတ်လား?"
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...