(Zawgyi)
နေကြာပန်းတစ်ပွင့်ပွင့်လာစေရန် သူမတတ်နိုင်သမျှအကုန်လုပ်ကြည့်ပြီးသည့်နောက် Qianhua ခြေကုန်လက်ပန်းကျသွားတော့သည်။။ သူမအစွမ်းကုန်ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ပန်းပွင့် အလယ်အူတိုင်ပေါ်လာသည်နှင့် ပွင့်ဖတ်များ အားလုံးကြွေကျသွားဆဲဖြစ်သည်။ တစ်ကြိမ်တွင်တော့ လက်သီးဆုပ်အရွယ်ရှိသော ပန်းတစ်ပွင့် ပွင့်လာသေးသော်လည်း ဆယ်စက္ကန့်မျှတောင် မခံလိုက်ပေ။ သူမ ကောင်းကင်မင်းကြီးကို ခေါ်မပြနိုင်လိုက်ခင်မှာပင် ရွံ့ပုံအဖြစ်သို့ပြန်လည်ရောက်ရှိသွားသည်။
Qianhua မှာ စိတ်ဓာတ်ကြံ့ခိုင်သော မိန်းကလေးဖြစ်သော်လည်း အကြိမ်တိုင်းကျရှုံးနေသော စမ်းသပ်မှုများကိုတွေ့ရသောအခာ တဖြည်းဖြည်းချင်း စိတ်ဓာတ်ကျလာသည်။ သူမက လက်ထဲတွင် ကိုင်ထားသော အမြူအတေအပိုင်းအစများပါသည့်ဘူးကို ဒေါသတကြီး လွှင့်ပစ်လိုက်ပြီး ဘေးသို့ကန်ထုတ်လိုက်သည်။ ထိုအခါ ပုလင်းထဲမှ အပြာရောင်ဖျော့ဖျော့ရှိသော အမြူတေတစ်ခုထွက်လာပြီး QianHuaမျက်နှာကိုလာကပ်၍ ကလူကျီစယ်နေသည်။
Qianhua စိတ်မရှည်စွာဖြင့် သူမလက်ကို ဝှေ့ယှမ်းလိုက်ကာ ထိုအမြူတေ အပိုင်းအစကိုခါထုတ်လိုက်ပြီး အော်လိုက်သည်။ "ငါဘာ့သာအေးအေးဆေးဆေးနေပါရစေ။ သောက်သုံးမကျတတဲ့ အမြူတေ အစုတ်ပလုတ်ရဲ့။! နင်ကဖြင့်ငါ့ကို ပန်းလေးတစ်ပွင့် ပွင့်လာအောင်တောင် မကူညီနိုင်ပဲနဲ့။!"
သူမစကားဆုံးသွားသည်နှင့် ထိုအမြူတေက ကြီးမားသော ပန်းဖူးကြီးတစ်ဖူးအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲသွားသည်။ ထို့နောက် မြေပေါ်တွင် အပြာရောင်အလင်းမှူန်လေးများက ကြယ်တစ်ခွန်တစ်ခုပမာ ဖြာထွက်လာပြီး ဖြောင့်စင်းနေသော ရိုးတံရှည်နှင့် နေကြာပန်းတစ်ပင်က မြေလွှာထုကြားမှ တိုးထွက်လာကာ လျင်မြန်စွာပင် ကြီးထွားလာသည်။
နေကြာပင်က လူတစ်ရပ်အမြင့်အထိ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ၄င်း၏ကြီးမားသော ပန်းပွင့်ထဲတွင် အစေ့များဖြင့်ပြည့်ကြပ်နေပြီး အဝါရောင်ပွင့်ဖတ်များက နေရောင်အောက်တွင် အပြည့်အဝပွင့်လန်းနေကြသည်။ အစိမ်းရောင် အရွက်များက လေယူရာယိမ်းနွဲ့နေပြီး ကြည့်ရသည်မှ အသက်ဝင်လှပလွန်းသည်။
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...