Chapter 7 အထိန်းတော် Wu Yi (အထိန်းတော် Wu Yi)

2K 256 0
                                    

Zawgyi
HanGe သူ့လက်ကို သေသေချာချာပြန်စစ်ဆေးလိုက်ရင်း သူ့ညီမကို ဖြူကောင်၏ ဆူးတစ်ချောင်းအဖြစ်အသွင်ပြောင်းခိုင်းသည့် Qianhua ၏ အကြံပြုချက်ကိုလည်း စဉ်းစားကြည့်လိုက်သည်။
Qianhua တစ်ဖက်လှည့်ကာ ကြိတ်ရယ်နေမိသော်လည်း စိတ်တော့ပူနေဆဲပင်

အကယ်၍ သူမ၏အဆိပ်ဆူးများကို သာမာန်သရဲတစ်ကောင်အပေါ်တွင်သာ သုံးးခဲ့လျှင်တော့ သုံးရက်တိုင်တိုင်နာကျင်စွာ အဆိပ်တက်မည်မှာ သေချာသည်။ သို့သော် ခွန်အားကြီးမားသော သရဲဘုရင်အတွက်မူကား ထို ဒဏ်ရာများ နာရီအနည်းငယ်အတွင်းပင် ပျောက်သွားမည်ကို သူမစိုးရိမ်မိသည်။ သူမက ဝိုင်ကို အကြောင်းပြကာ ပုံပြင်ပြောနေခြင်းသာဖြစ်ပြီး HanGeသာ သေချစဉ်းစားကြည့်လျှင် သူမလှည့်ကွက်ကို သတိထားမိသွားပေမည်။

စိတ်ငြိမ်ငြိမ်ထားစမ်းပါ။ ငါသူ့ကို ဆုံးဖြတ်ချက်ချအောင် လောလို့မရဘူးလေ။! ပြုံးပြုံးလေးနဲ့ပဲ စောင့်ရအောင် ... Qianhua ကိုယ့်ကိုယ်ကို စိတ်ထဲမှ သတိပေးလိုက်သည်။ သို့သော်အချိန်ကြာလာလေ သူမမျက်နှာမှ အပြုံးတို့ ပျောက်ကွယ်လေဖြစ်လာသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သတင်းပို့လာသည်။ "အထိန်းတော် WuYi ရောက်ရှိလာကြောင်းပါ!"

"WuYi ဆိုတာ ဘယ်သူလဲ?" ထိုလူ ခန်းမထဲဝင်မလာမီ Qianhua က မေးလိုက်သည်။

"WuYi က မကောင်းဆိုးဝါး ဘုရင်ရဲ့ လက်ထောက်ပဲ။ သူက သူ့ဘုရင်ဆီကနေ အေးစက်တည်ငြိမ်အောင်နေဖို့သင်ထားသလိုပဲ အမြဲတမ်း ရေခဲရုပ်ထုကြီးလိုပဲ စကားပြောတယ်။ သူဒီနေ့ည လာတာ ဝိုင်ယူဖို့လို့ထင်တာပဲ။ ဘာလို့လဲဆိုတော့ သူတစ်ယောက်တည်းကပဲ မကောင်းဆိုးဝါးဘုရင်ရဲ့ အကြိုက်ကိုသိတာ။ မကောင်းဆိုးဝါးဘုရင်က မကြာခဏဆိုသလို သူ့အကြိုက်ကို ပြောင်းလေ့ရှိတယ် ဘယ်သူမှလည်း သူ့ အကြိုက်ကို လိုက်မမှီဘူး။ တစ်ခါတစ်လေ သူက နှင်းဆီဝိုင်ကို သောက်ချင်တယ်။ နောက်တစ်ရက်ရောက်တော့ ပျားရည် စံပါယ်ဝိုင်ဖြစ်သွားပြန်ရော။ ဒါပေမဲ့ WuYi ကတော့ သူ့ကို နားအလည်ဆုံးပဲ။"
 
"ကျွန်မက အရက်သမားတွေကို မကြိုက်ဘူး။ အထူးသဖြင့် အပြောင်းအလဲမြန်တဲ့ အရက်သမားတွေကို..."

The Robber Demon King and The Hedgehog BrideWhere stories live. Discover now