Chapter 10 ကောင်းကင်မင်းကြီး(ကောင်းကင်မင်းကြီး)

1.8K 279 4
                                    

Zawgyi)
"စိတ်ရှည်ရှည်ထားစမ်းပါ။ ငါအဖမ်းမခံချင်ဘူးနော်" Qianhua သူမ၏ ခါးပတ်ကို ကျပ်အောင်ပြင်လိုက်ပြီး သူမ၏ ဆာလောင်စပြုနေသော ဗိုက်ကို ဖိထားလိုက်သည်။ အကယ်၍ ဟိုစိတ်မရှည်တတ်သော သရဲမထွက်လာလျှင် အကုန်လုံးရုပ်ရုပ်သဲသဲဖြစ်သွားလိမ့်မည်။

"မင်းကြီးကအစကတည်းကပြောသားပဲ။ သူက ဝန်ကြီးတွေ သူ့အတွက် အကုန်အကျခံပြီး မွေးနေ့ပွဲလုပ်ပေးမှာမျိုးကို မကြိုက်ဘူးတဲ့လေ။ ဒါက အလှပြဖို့ အကြံသက်သက်ပဲကို။ အခုတော့ မင်းကြီးက သူကိုယ်တိုင်ရဲ့မွေးနေ့ပွဲကို တက်ဖို့ စိတ်တောင်မဝင်စားဘူး။ ဒါကို ခင်ဗျားဘယ်လိုဖြေရှင်းမလဲ။?!" QianHuaနံဘေးတွင် ထိုင်နေသော ငယ်ငယ်ရွယ်ရွယ် ထာဝရရှင်သန်သူတစ်ယောက်က အရှင် LaoZi ကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"မင်းကြီးရောက်မလာတာက ဒီလောက်လည်းမဆိုးပါဘူး။ အနည်းဆုံးတော့ အားလုံးလည်း သက်တောင့်သက်သာနေလို့ရတာပေါ့ ခင်ဗျားမတွေ့ဘူးလား။?" အခြားထာဝရရှင်သန်သူတစ်ယောက်က ပြန်လည်ဖြေရှင်းလိုက်သည်။ သူက ပြောပြီးသောအခါ သူ့ရှေ့မှ စားစရာများကို ထုတ်ပိုးလိုက်သည်။ သူက အိမ်ပြန်ပြီး သူ့ဇနီးနှင့် သားသမီးများနှင့်အတူ အချိန်ကုန်ဆုံးချင်သလိုပင်။
Qianhua တည့်တည့်ထိုင်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ သူပြောတာလည်း ဟုတ်သည်။ အစောပိုင်းက ရိုကျိုးစွာပြုမူနေသော နတ်ပရိသတ်အပေါင်းတို့က မှီထိုင်သူထိုင် ဆံပင်ဖြေချသူက ဖြေချနှင့် လွတ်လပ်နေကြသည်။ မင်းကြီးမရှိသည်ကို သိလိုက်ရသည်နှင့် ခန်းမကြီးတစ်ခုလုံးဆူညံလာသည်။ စိတ်လှုပ်ရှားနေသော ဧည့်သည်တော်များက အော်ဟစ်ကြ ကခုန်ကြ သောက်စားပျော်ပါးနေကြသည်မှာ တစ်ခါမှ ပွဲတော်မဆင်နွှဲဖူးကြသကဲ့သို့ပင်.။

QianHuaပျင်းရိလာသည်။ သူမက နေနတ်သား၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။ "အဖေ ကျွန်မအပြင်ထွက်ပြီး လျှောက်ကြည့်လို့ရလား။?" သူမစိုးရိမ်နေသည်မှာ သူမသာ ဤနေရာတွင် ကြာကြာဆက်နေလျှင် ဆူးအဖြစ်တလဲ သရဲက မဆင်မခြင် အပြင်ထွက်လာတော့မှာကိုပင်။

"ဝေးဝေးမသွားနဲ့" နေနတ်သားက သဘောတူလိုက်သည်။ သူ၏သမီးက ယခုအချိန်တွင် သာမန်ဖြစ်လွန်းနေပြီး မည်သူမှလည်း သတိပြုမိနိုင်စရာမရှိသောကြောင့် စိတ်ကြည်နေပုံပင်။

The Robber Demon King and The Hedgehog BrideWhere stories live. Discover now