Zawgyi
ချောမောခန့်ညားလှသော ကောင်းကင်မင်းကြီးရှေ့တွင် သူမ၏ မူလအသွင်ကို ပြန်ပြောင်းသွားသောကြောင့် Qianhua စိတ်ဓာတ်ကျသွားရသည်။ သူမရှက်လွန်း၍ သူမကိုယ်သူမ အခိုးပျံကာ ပျောက်သွားချင်စိတ်ပေါက်သွားသည်။ သို့သော် ထိုအချိန်မှာပင် MoYunyeက သူမထံ အလျင်အမြန်လျှောက်လာသည်။ ...သူက သူမကို စိုးရိမ်၍လား။ သို့မဟုတ် ...
Qianhuaတစ်ယောက် မင်းကြီး၏ နောက်ထပ်လှုပ်ရှားမှုနှင့် ပတ်သတ်ပြီး အတွေးလွန်နေခဲ့သည်။ သူမထင်သည်က မင်းကြီးက သူမကို သူမြတ်နိုးသော ရုပ်ထုဘေးမှသူမကို ကန်ထုတ်လိုက်ပြီး ရုပ်ထုပေါ်မှ အစင်းရာလေးများကိုသာ ဂရုတစိုက်ပွတ်သပ်နေမည်ဟုသာ။
သို့သော်ည်း ဒါက Qianhuaခေါင်းထဲမှ အတွေးသက်သက်သာဖြစ်သည်။
"နတ်သူငယ်လေး မင်းဒဏ်ရာရသွားတာလား။?" MoYunye က ဖြူကောင်ငယ်လေး၏ နုနယ်လှသော ဆူးလေးများကို သူ၏လက်ချောင်းသွယ်သွယ်လေးများဖြင့် ပွတ်သပ်လိုက်သည်။ သူ၏လက်ဖဝါးမှ ရွှေရောင်အလင်းတချို့ထွက်ပေါ်လာသည်။ ထို့နောက် Qianhuaမှာ သူမ၏ လူသားအသွင်သို့ ပြန်ရောက်သွားသည်။
QianHuaမှာ သရဲမင်းသမီး၏စွမ်းအားဖြင့် ကြမ်းကြမ်းတမ်းတမ်းရိုက်ထုတ်ခံလိုက်ရပြီးနောက် စွမ်းအားအကြီးဆုံးနတ်ဘုရား၏ ကုသခြင်းခံရမည်ဟု နေနတ်သားလုံးဝတွေးမထားခဲ့ပေ။ ထို့ကြောင့် ဇီးပန်းခက်လေးတွင်ပါဝင်သော အကာအရံအား ဤမျှကြီးမားလှသော စွမ်းအားများကို ခံနိုင်ရန် ပြုလုပ်မထားခဲ့ပေ။
Qianhua လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့် သူမနဖူးပေါ်မှ ပန်းခက်လေးကလည်း မြေပေါ်သို့ ဖြည်းညင်းစွားပြုတ်ကျသွားသည်။ QianHua၏ မျက်နှာက မူလအသွင်ပြန်ဖြစ်သွားသည် သူမက မှင်သက်လောက်အောင် လှပသော မိန်းမလှလေးပြန်ဖြစ်သွားသည်။
MoYunyeမှာ ဘယ်သောအခါမှ မိန်းမလှများကို စိတ်မဝင်စားသော မင်းတစ်ပါးဖြစ်သည်. သို့သော်လည်း ...Qianhua သူ့ကို မော့ကြည့်လိုက်သော်အခါ Yunyeက အလန့်တကြားဖြင့် ခြေလှမ်းသုံးလှမ်းလောက်နောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး သူက မလှုပ်မယှက်တောင့်တောင့်ကြီးရပ်နေသည်။ သူ၏မျက်နှာနှင့် နှုတ်ခမ်းများက သွေးဆုတ်ဖြူလျော်သွားသည်။ သူ့ပုံစံက သေရာမှ ပြန်ရှင်လာသော လူတစ်ယောက်အား တွေ့လိုက်ရသလိုဖြစ်နေသည်။
အမှန်တကယ်လည်း Yunye၏ မျက်လုံးထဲတွင် Qianhuaက ဆုံးပါးသွားပြီဖြစ်သော အမျိုးသမီတစ်ယောက်နှင့်တူနေလေသည်။
YOU ARE READING
The Robber Demon King and The Hedgehog Bride
Fantasyလွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကောင်းကင်ဘုံဧကရာဇ် Mo YunYe မှာ မိစ္ဆာဘုရင် Nan LiYueအား စစ်ရှုံးခဲ့သည်။ သူ၏နတ်စစ်သည်များအား ကာကွယ်နိုင်ရန် သူ၏ဇနီးလောင်း Luo QianHuaနှင့် အလဲအလှယ်လုပ်ခဲ့ရသည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် မိစ္ဆာများကြားမှ ကောလဟာလတစ်ခ...