စွဲနေပြီ
အပိုင်း (၇)
#စွဲနေပြီ
"မင်း တစ်ပြားလိုနြေ့ပီမလား.."
"မလိုပါဘူး..ငါ့ စိတ်ငါနိုင်တယ်...."
ဟိုဘက် ဒီဘက်ကြည့်၍ ကိုယ်ကို ရှေ့ကိုင်းပြောနေတဲ့ နိုင်ထူး ပခုံးကို ပိတ်ရိုက်လိုက်ပြီး..
"ဟား...ဟား...မဒိမ်းသမားရုပ်နဲ့ ဟိုချောင်း ဒီချောင်း လုပ်နြေ့ပီးတော့..."
"မင်း မသိပါဘူးကွာ...ငါ လမ်းကြောင်း တွေ ရှောင်နေရတယ်.."
"ဘာဖြစ်လို့လည်း...မင်းမှာ ဘယ်လောက်ပါလို့လည်း.."
"နှစ်ဆယ်.."
"ဘာ.."
အုတ်ခုံပေါ်ထိုင်နေရာကနေ ဆတ်ခနဲ့ ခုန်ဆင်းလိုက်ပြီး နိုင်ထူးကို မျက်လုံးပြူးခါ ကြည့်မိသည်..။
ဟိုကောင်ကလည်း ချွေးတွေ ပြန်လို့ လက်တောင် တုန်နေသလိုလို...။
"လက်ထဲမှာ မိရင် ဘယ်နှစ်နှစ် အောင်းရမလည်း မင်းသိလား..ဆယ်နှစ်..."
"နည်းနည်းလေးပါ..ငါပြန်ထားခဲ့တာ..."
"၃ဂရမ် ဆိုရင် ဆယ်ငါးနှစ် မသာရဲ့..ဘယ်မှာလည်း...မင်း ဘာလုပ်ဖို့ဝယ်ထားတာလည်း ပြစမ်း.."
"တိုးတိုး ပြောပါကွာ..."
နိုင်ထူး အိတ်ကို ဆောင့်ဆွဲ ဖြုတ်တော့မှ ကတုန်ကယင်ဖြင့် ဖုန်းဘူး ကို ထုတ်ပေးသည်..။
ဖုန်းဘူးထဲက အိတ်အကြည်ထဲမှာ ထည့်ထားတာမှ စီတန်းပြီး လေတောင် ထုတ်ထားလိုက်သေးသည်..။
"မင်း...ပိုက်ဆံဘယ်ကရလည်း.."
"ငါ...ကယ်ရီလုပ်နေတာ..."
YOU ARE READING
စွဲနေပြီ (Complete)
Random"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...