Part 9

1.6K 130 3
                                    


စွဲနေပြီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စွဲနေပြီ

အပိုင်း (၉)

#စွဲနေပြီ

"ဟလို..."

"ဟလို..မလုပ်နဲ့...မင်းကို ဖုန်းခေါ်တာ ဘာဖြစ်လို့ မကိုင်တာလည်း.."

နောင် စိတ်တိုတို ဖြင့် ပိတ်အော်လိုက်တော့ နိုင်ထူး က တဟဲဟဲ ရယ်နိုင်သေးသည်..။

"အိုး..ယောက်ဖ ကလည်း စိတ်ကြီးပဲကွာ...ငါတို့အဖွဲ့ မနေ့က သက်ကြီးပူဇော်ပွဲမှာ လုပ်အားသွားပေးရတယ်ကွ..."

"အေး..တစ်နိုင်ငံလုံးကို ကူညီဖို့ ငါက မင်း အစ်မ ကို ထိန်းကျောင်းပေး နေရတယ်လေ...."

"ဟဲ..ဟဲ...ကုသိုလ်ရပါတယ်ကွ..."

"မင်း ဆေးလိုသေးလား.."

"ငါကတော့ ပြတ်ပြီ ထင်တာပဲ..ဒေါက်တာကတော့ ခန္ဓာကိုယ်မစွဲလမ်းလို့ မသိသာတာ...စိတ်ကို စောင့်ကြည့်ရဦးမယ်တဲ့လေ..."

"ဟူး..ပြတ်လည်း မြန်မြန်လာကွာ...မင်း အစ်မ က အစားဇယား.."

"ဘာတွေ စားလို့လည်း.."

"ဦးနှောက်စားတာ..."

"ဟား..ဟား...သည်းခံပါကွာ ဒါနဲ့ နောက်တစ်ပတ်ကျရင် အန်ကယ်လာမယ်တဲ့ ငါတော့ ရင်တောင်ခုန်နေတယ်..မနှစ်က သင်တန်းဆင်း ဓာတ်ပုံထဲမှာ တွေ့တာတော့ မင်းထက်တောင် စတိုင်လ်ကျသေးတယ်ကွ.."

"အဲဒါကြောင့် ဆယ်ယောက်ပြိုင်ယူလို့ရတာပေါ့ကွာ...ငါကတော့ မင်း အစ်မ တစ်ယောက်နဲ့တင် ဘုန်းကြီး ၀တ်ချင်လာပြီ..."

"ဟ..စိတ်လျော့ပါကွာ..."

"ကိုနိုင်ထူးရေ....ကျောင်းအတွက် မုန့်ပို့ဖို့ အဆင့်သင့် ဖြစ်ပြီ.."

"အေး..လာပြီဟေ့...ငနောင်ရေ....ခေါ်နေလို့ ဒိုးပြီ...ငါ ကုသိုလ် အလုပ်တွေ လုပ်နေတာ မင်းက ပါရမီဖြည့်တယ် သဘောထားပေါ့ကွာ..ဟိ..ဟီ.."

စွဲနေပြီ (Complete) Where stories live. Discover now