စွဲနေပြီ
အပိုင်း(၃၅)
#စွဲနေပြီ
"လတ်လတ် ဒီနေ့ အ၀တ်အစားကိစ္စတွေ အပြီးလုပ်ရမယ်နော်..."
"ဟုတ်.."
"spa ကို ဘယ်အချိန်သွားမှာလည်း.."
"မမေ ပိုက်ဆံတွေ အရမ်းကုန်နေပြီ..."
"ဟဲ့...နင် ပေးနေရလို့လား...ပိတ်ထား...ခြေသလုံးက ဂါဝန် မ စမ်း.."
"ဟိ..တကယ် waxing လုပ်ပြီးပါပြီ မမေရီရဲ့.."
"ယုံရတာ မဟုတ်ဘူး..ခြေသလုံးမွှေးရိတ်ရင် ဆင်းရဲမှာ စိုးတယ်ပြောပြီး ငိုတာ ဘယ်သူလည်း.."
"ဟိ..သိဘူးလေ..လူကြီးတွေ ပြောတာ ကြားတာကိုး မမေ ရဲ့...သြော်..လတ်ကို မိတ်ကပ်သင်တန်းက သင်တန်းဆင်း လက်မှတ်ပို့ပေးရမလား မေးနေတယ်.."
"မလိုဘူး..အလုပ်လုပ်ဖို့မှ မဟုတ်တာ..နင့်မျက်နှာ နင် ပြင်တက်ရင် ပြီးပြီပေါ့....နင့် မိတ်ကပ်ပစ္စည်းတွေ နဲ့ အ၀တ်အစားတွေကို အိမ်ပို့ထားလိုက်တော့မယ်..."
"မမေကို အရမ်းချစ်တာပဲ အစက အော်ငေါက်နေလို့ စိတ်မကောင်း ဖြစ်ရတယ် အခုလို ပြောင်းလဲသွားတော့ ကျေးဇူးအရမ်းတင်တယ်.."
"ခုမှ..သွားမြန်မြန်နောက်ကျမယ်"
"ဟုတ်..သြော်..မမေ..အဝတ်တွေကို နောင် မသိစေနဲ့နော် မမေ..တော်ကြာနေ ကြိုသိသွားရင် လတ် ကြိုးစားထားသမျှ ပလုံသွားမှာနော်.."
"အမလေး..ငါသိပါတယ်...ရှည်လိုက်တာ...အပိုတွေလုပ်နေတာ...နင့်ကိုနင် မှန်ထဲကြည့်ရင် စိတ်ချမ်းသာတယ်မလား ပြီးရောပေါ့...မြန်မြန်သွား...."
လတ် ခေါင်းညိတ်ပြီး ကျောပိုးအိတ်လွယ်ခါ လှေကားကို ပြေးဆင်းလာခဲ့လိုက်သည်...။
YOU ARE READING
စွဲနေပြီ (Complete)
Random"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...