Part 2

3.1K 161 3
                                    


စွဲနေပြီ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

စွဲနေပြီ

အပိုင်း (၂)

#စွဲနေပြီ

"ဘုတ်.."

နောက်ဆုံးတန်းမှာ နိုင်ထူး တစ်ယောက်ပဲ အပိုင်သိမ်းထားတာ အခုတော့ဘေးခုံကို ကျလာတဲ့ လွယ်အိတ်ကြောင့် မော့ကြည့်လိုက်သည်..။

ဒီကောင် ရန်စနေတာလား...။

စာအုပ်ပေါ်ကို ဘောပင်ချပြီး ဘုကြည့်ကြည့်လိုက်တော့ စပ်ဖြဲဖြဲရယ်ပြခါ ဘေးခုံမှာ ၀င်ထိုင်သည်.။

" အရှေ့တန်း မှာ ပျင်းလို့.."

"..."

နိုင်ထူး ဘာမှ ပြန်မပြောပဲ စာရေး လက်စ ကို ပြန်ရေးနေလိုက်သည်.။

"မင်းက ကျောင်းမှာ နာမည်ကြီးဆို..."

"ဟုတ်တယ်....မကောင်းတဲ့ နေရာမှာ နာမည်ကြီးတာလေ.."

နိုင်ထူး စာအုပ်က အကြည့်မရွေ့ပဲ သဘောပေါက်အောင် ခေါင်းညိတ်ခါ ပြောလိုက်သည်။

"အဟား...ကောင်းတယ်.."

"မင်းလည်း ရန်ဖြစ်လို့ ကျောင်းပြောင်းခံရတာ မလား."

"အင်း...ရန်ဖြစ်တာတော့ မဟုတ်ပါဘူး..ငါ့ကို ချောင်းရိုက်လို့..."

"ဟမ်.."

နိုင်ထူး နားမလည်သလို ဟမ် လိုက်တော့ ပခုံးတွန့်ပြပြီး ပီကေ ကို ပါးစပ်ထဲလိမ်ခေါက်ထည့်ခါ ဖိဝါးနေသည်..။

"မင်းကို ချောင်းရိုက်လို့ ကျောင်းထုတ်ခံရတယ် ဟလား.."

"သူတို့က ချောင်း၇ိုက်တာ ငါက ပေါ်တင်ရိုက်တာလေ....အဲဒါပဲ ကွာသွားတယ်.."

"ဟား..ဟား..."

"ငါ နှစ်ချက် ချုပ်ရတယ် သူတို့လည်း နှစ်ချက်ပဲ ချုပ်ရတာပါ သူတို့ကျတော့ ကျောင်းမထုတ်ဘူး..ကျစ်...."

စွဲနေပြီ (Complete) Donde viven las historias. Descúbrelo ahora