စွဲနေပြီ
အပိုင်း (၁၃)
#စွဲနေပြီ
"ငါလည်း ရှာတာပဲ..မိလတ်ရယ်..."
"ငါတို့ တော်တော် ကြပ်နေပြီ..."
"ဟင်း...နင့်ယောင်္ကျားက အလုပ်ရှာရမှာကို နင်ကချည်း အလုပ် ရှာနေတာ မဟုတ်သေးပါဘူး.."
"သူ့ကို ခိုင်းလို့မရဘူး..လုပ်တက်တာလည်း ဘာမှ မရှိဘူးဟယ်...ခိုင်းလည်း မခိုင်းချင်ဘူး.."
"နင့်စိတ်ကလည်း တစ်မျိုးပဲ.."
"အေးလေ..."
နင်ဒါလုပ် နင့်မှာ တာဝန်ရှိပါတယ် လို့ ဘယ်လို ပြောမလည်း..။
သူက ကိုယ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ သူစိမ်းတစ်ယောက်..နောက်ပြီး ကိုယ့်ကို ကူညီနေတဲ့ ကျေးဇူးရှင်လို သဘောထားရမဲ့သူမို့လို့ လတ်ကသာ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့ တာဝန်ယူပေးချင်သည်..။
သူဌေးသားဆိုပြီး ပိုက်ဆံမရှိဘူးလားဆိုတဲ့ အပြုသဘောဆောင်တဲ့ မေးခွန်းမျိုးတောင် နှုတ်က စကားရိပ်မသန်းမိအောင် ဂရုစိုက်မိသည်..။
လတ် စိတ်ထဲမှာ သူ့ကို နိုင်ထူး သူငယ်ချင်း မောင်လေး တစ်ယောက် အဖြစ် သာ ပတ်သက်ချင်ပါသည်..။
"သြော်...လာ..ကိုကျော်...ဘာယူမလည်း.."ဇာဇာ က စကားပြောနေရင်း ဈေးဝယ်သူလာတော့ ထသွားခါ မေးလိုက်သည်..။
"ဖုန်းကဒ်ဗျာ..ကုန်သွားလို့...အမ်ပီတီ နဲ့ အော် တစ်ကဒ်ဆီပေး.."
"ဟုတ်ကဲ့..."
ဇာဇာက ပိုက်ဆံကို အံဆွဲထဲ ထည့်ရင်း လတ်ကို ကြည့်ခါ မျက်လုံးပြူးပြသည်..။
ESTÁS LEYENDO
စွဲနေပြီ (Complete)
De Todo"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...