Part 24

1.7K 134 7
                                    


စွဲနေပြီ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

စွဲနေပြီ

အပိုင်း (၂၄)

#စွဲနေပြီ

"မလတ်.."

"ဟင်.."

နောင့် ကို မျက်လုံးပြူးဖြင့် လှမ်းကြည့်တော့ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်..။

ဘာကိစ္စ ဒီလောက် ကြောက်လန့်နေရတာလည်း...မသိရင် ကိုယ်က ပဲ လူယုတ်မာလိုလို...။

သူ အရင် လက်မောင်းလာဆွဲတာပဲ...ပြီးတော့ ဘာမှ လုပ်မိတာလည်း မဟုတ်ပါဘူး..။

မဟုတ်မှ ဒီအပျိုကြီး တစ်ယောက် မဟုတ်မဟက်တွေ တွေးကြောက်နေတာလား..။

"ဟဲ့..."

"ဟင်.."

"ဘာလို့ နင် ပြုံးစေ့စေ့ လုပ်နေတာလည်း.."

'ဟောဗျာ...ကိုယ့် ပါးစပ်နဲ့ ကိုယ်ပြုံးတာပါနော်..."

"ထမင်းစားတော့ဖို့လား.."

"အမ်း.."

နောင် ခေါင်းညိတ်လိုက်ပြီး လူကလည်း ထိုင်ရာမှ ထခါ အခန်းအပြင်က အိုးနဲ့ ပန်းကန်တွေ အခန်းထဲ သွင်းပေးရသည်..။

မလတ် ကတော့ ရေဘူး ရေထည့်ပြီး တစ်ခုတည်းသော ခွက်ကို ချခါ ပန်းကန်လည်း ယူချထားပေးသည်..။

"ဘာဟင်းလည်း.."

"ပုဇွန် နဲ့ ပဲတောင့်ရှည်..."

"၀ိုး...ဗိုက်တောင် ပိုဆာသွားတယ်...ဆွဲပြီဗျို့.."

လတ် ရှေ့မှာ ခပ်ပြုံးပြုံးပြောပြီး ပန်းကန်ထဲ ထမင်းခပ်ထည့်ပေးနေတဲ့ သူ့ကို ငေးရင်း ပြောမဲ့ စကားစ ရှာမရ ဖြစ်ရပြန်သည်..။

ပန်းကန် အတင်းထိုးပေးတော့ လတ် ဟင်းခပ်ထည့်ပေးလိုက်ပြီး ရေပါ ငှဲ့ပေးလိုက်သည်..။

စွဲနေပြီ (Complete) Donde viven las historias. Descúbrelo ahora