စွဲနေပြီ
အပိုင်း (၃၀)
#စွဲနေပြီ
"ဟင်..."
"ဒုန်း...ဒုန်း..."
လတ် တံခါးကို တဒုန်းဒုန်းထုရင်း မျက်ရည်တွေ စီးကျလာပြန်ပြီ..။
ညတုန်းက ငိုနေရင်း ရေချိုးခန်းထဲမှာ အိပ်ပျော်သွားတာ မနက်အိပ်ယာနိုးတော့ ကုတင်ပေါ်ရောက်နေသည်..။
ညက ဘယ်လိုဖြစ်ပြီး အိပ်ယာပေါ် ပြန်ရောက်နေလည်း မတွေးချင်..။
အခန်းတံခါးကို လှည့်ဖွင့်လိုက်တော့ အပြင်က သော့ခတ် သွားပြီ...။
လတ် အခန်းထဲ လှည့်ပတ်ကြည့်လိုက်တော့ မှန်တင်ခုံပေါ်မှာ နွားနို့ တစ်ခွက်နဲ့ ပေါင်မုန့် တစ်ထုတ်တင်ထားသည်..။
"အင့်..."
ကုတင်ဘေးမှာ ထိုင်ပြီး မွေ့ယာပေါ် မျက်နှာအပ်ခါ ပြန်ငိုနေမိသည်..။
ကိုယ့်ကို မြတ်နိုးလို့ ကားတင်ပြေးတာဆို ခံသာသေးသည်..။
အငြိုးတွေ ကလဲ့စားတွေနဲ့ ကလေး တစ်ယောက်တောင် ရှိတဲ့ သူ့ကို ကိုယ့် နှလုံးသား ပုံပေးမိတာ ရင်နာ မိသည်..။
လတ် မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး မှန်တင်ခုံ အံဆွဲထဲက ဖုန်းကို အသည်းအသန်ရှာသည်..။
တော်ပါသေးရဲ့...သိမ်းမသွားလို့...။
နိုင်ထူး ဖုန်းနံပါတ်ကို ခေါ်ရင်း လည်ချောင်းတွေက ခြောက်သွေ့လာသလိုလို...။
ဖုန်း ခေါ်နေပေမဲ့ တစ်ဖက် က မကိုင်လို့ အထပ်ထပ် ခေါ်နေမိသည်..။
တစ်မနက်လုံး ခေါ်နေတာ မရလို့ လတ် မှာ မျက်ရည်တွေကိုသာ အဖော်ပြုနေရသည်..။
STAI LEGGENDO
စွဲနေပြီ (Complete)
Casuale"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...