စွဲနေပြီ
အပိုင်း (၂၂)
#စွဲနေပြီ
"သမီး...မိလတ်.."
"ဟင်...ဒေါ်လေးပု.."
လတ် ခြံရှေ့ လမ်းမမှာ ထွက်ရပ်နေတုန်း ဒေါ်လေးပု အနားရောက်လာပြီး ခေါ်သံကြောင့် လှည့်ကြည့်မိသည်..။
"ဒေါ်လေးပု မအိပ်သေးဘူးလား..ဆယ်နာရီကျော် နေပြီ..."
"နောင်လေး ပြန်မလာသေးဘူးလား.."
"ဟုတ်..."
"ဟင်း..ယောင်္ကျားလေးပဲကွယ်...သိပ်လည်း စိတ်မပူပါနဲ့..လာ...ဒေါ်ပု တူတူ စောင့်အိပ်ပေးမယ်..."
ဒေါ်လေးပုက လက်ဆွဲခေါ်လို့ လိုက်ခဲ့ရပေမဲ့ လမ်းတစ်လျှောက်ကို တစ်ချက်မျှော်ကြည့်မိသည်..။
ဘယ်ကိုများသွားနေတာလည်း နောင်ရယ်...။
ကူညီသူပေါတဲ့ သူဌေးသားလေးဖြစ်နေပေမဲ့ အနေစုတ်တဲ့ အခန်းမှာ သူမရှိတဲ့ တစ်ညကို ဖြတ်သန်းဖို့ စိတ်တွေ ခြောက်ခြားနေပြန်ပြီ..။
ဘယ်ကိုလိုက်ရမှန်း မသိသလို ဖုန်းခေါ်တာလည်း မကိုင်လို့ လမ်းမှာပဲ ထွက်မျှော်နေရတာ ...ခြေထောက်တွေတောင် ထုံနေပါပြီ...။
"ဟင်း.."
"ဒီလိုပါပဲ လင်နဲ့မယားဆိုတော့ ... စိတ်ပြေသွားရင် ပြန်လာမှာပေါ့...နောင်လေး က သမီးကို သိပ်ချစ်ရှာတာပါ.."
လတ် ခေါင်းညိတ်ပြီး ထမင်းအိုးကို အခန်းထဲရွေ့သိမ်းခါ တံခါးလေး စေ့ပိတ်လိုက်ရသည်..။
နောင်ရယ်...နင် ပြန်မလာခင် တံခါးပိတ်ရတာလေးကိုတောင် ငါ့မှာ စိတ်မကောင်းဖြစ်နေရတာ...။
KAMU SEDANG MEMBACA
စွဲနေပြီ (Complete)
Acak"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...