စွဲနေပြီ
အပိုင်း (၁၀)
#စွဲနေပြီ
"မိုးတောင်မချုပ်သေးဘူး..."
"နင်စားမှာလား...မစားဘူးလား.. ဒါပဲပြော..."
ထမင်းထုတ် ပိုင်ရှင်လေသံနဲ့ပြောနေလို့ နောင် မခံချင်စိတ်ဖြင့် မစားဘူးလို့ ပြောချင်သော်လည်း...
"စားမယ့်..."
ရှေ့ကိုရောက်လာသည့် ထမင်းထုတ်ကို အိတ်ဖြည်လိုက်ခါ ကော်ဇွန်းတစ်ချောင်း အပိုတောင်းလာတာ အတော်ဖြစ်သွားသည်။
"ဟာ...မလတ်...လုပ်ဦး..."
"ဘာလည်း..."
နောင်ကြက်သားကို ဇွန်းနဲု့ထိုးပြရင်း မေးငေါ့လိုက်တော့ ဆောင်အောင့်၍ အခန်းပြင်ထွက်သွားခါ လက်ဆေးပြီး ပြန်လာသည်။
"တကယ်ပဲ...သူ့အလုပ်ချည်းပဲ...ကိုယ့်ဟာကို လက်ထဆေးပါလား..ဟုတ်တယ်... အမြင်ကပ်လာပြီ..."
မရပ်မနား ပွစိပွစိ ရေရွတ်ရင်း ကြက်သားကို အသားနွှင်ပေးပြီး ထည့်ပေးတော့ နောင် အရသာ ရှိရှိ ခပ်ပြုံးပြုံးဖြင့် စားလိုက်သည်။
ဒီလောက်ပြောချင်တာ ပြောစမ်း...
ကိုယ်သက်သာဖို့ အဓိကပဲလေ...ဟွင်း
"ဟဲ့...ဟင်းချည်းကောက်မစားနဲ့လေ... ကြက်သား တစ်ဖက်တည်း ရှိတာနော်..."
"ကျစ်...အဲဒါကြောင့် များများဝယ်ပါ လို့ပြောတာပဲ...မလတ် ကပ်စေးနှဲ..."
"ဟဲ့...ထမင်းဆိုင်က အလကားပေးတာ မဟုတ်ဘူး..."
"ဟုတ်တယ်နော်...အလကားရရင် ဘယ်လောက် ကောင်းမလည်း... ဒီအနီးအနား တစ်ဝိုက်က ထမင်းဆိုင်ပိုင်ရှင် ကောင်မလေးတွေကို လိုက်ကြောင်ကြည့်ဦးမယ်...သူတို့နဲ့ ရည်းစားဖြစ်ရင်...ဟင်းကောင်းကောင်းနဲ့ ထမင်းအဝ စားရမယ်......မပူပါနဲ့ မလတ်ရဲ့ နောင် ဖွန်ကြောင်ပြီး ရှာကျွေးပါ့မယ်..."
YOU ARE READING
စွဲနေပြီ (Complete)
Random"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...