စွဲနေပြီ
အပိုင်း (၅)
#စွဲနေပြီ
"မလတ်.."
"ဟမ်...သြော် ရောက်ပြီလား..."
"နိုင်ထူးရေ..."
"ဈေးလွတ်လိုက်တာ နိုင်ထူး ပြန်မလာသေးဘူး သမီးရေ..."
"ဟင်း..."
လတ် သက်ပြင်း တစ်ချက် ချလိုက်ပြီး မီးပူထိုးနေတာ ကို ခဏရပ်လိုက်ခါ အိမ်ရှေ့ တံခါးဆီ အရင် လျှောက်သွားရသည်..။
ကြည့်စမ်း စာမေးပွဲ ဒီလောက် နီးနေတာတောင် ဆံပင်က တစ်ခေါင်းလုံး ၀ါနေအောင် ဆိုးထားလိုက်တာ တကယ့် ဂျလေဘီ ရုပ်..။
တံခါးဂျက်ကို ဖြုတ်ပြီး ဖွင့်ပေးလိုက်တော့ အပြုံးနဲ့ အတူ ခေါင်းငုံ့ နှုတ်ဆက်ခါ အိမ်ထဲဝင်သွားသည်..။
"ကြာမလား မသိဘူး.."
"ဈေးတင်ဆို ခဏနေ ပြန်လာမှာပါ..."
"အင်း.."
အိမ်က သိပ်မကျယ်သည်မို့ သူရှေ့မှာ ထိုင်ပြီး မီးပူငုံ့တိုက်နေရတာ မလုံမလဲ ဖြစ်ရသည်..။
အကျီ င်္ ရင်ဘတ်ကို ခဏခဏ ဆွဲတင်နေရတော့ သူလည်း သဘောပေါက်သလို စာအုပ်တွေကို ရှေ့ထုတ်ချပြီး ကျောပေးခါ စာဖတ်နေတော့သည်..။
"ဟ...ငနောင်...ရောက်နေတာ ကြာပလား.."
"ဟအေး....နည်းနည်းပဲ ပိန်သွားတာ.."
"မသာ.."
နိုင်ထူးက ဆွဲခြင်းကို မီးဖိုချောင် သွားထားရင်း လမ်းပေါ်က သူ့သူငယ်ချင်း ကို ခေါင်းရိုက်သွားသည်..။
ဒင်းတို့နှစ်ကောင်တွေ့ရင် စာကျက်တာ နည်းနည်း စကားများတာ များများ...
ŞİMDİ OKUDUĞUN
စွဲနေပြီ (Complete)
Rastgele"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...